Chapter 34

2.2K 338 1
                                    

<Unicode>

အစားအသောက်ကို တိတ်ဆိတ်စွာစားသောက်နေကြပြီး လေထုကလေးလံနေသည်။ အကုန်လုံးက ကျန်ရှောင်ရဲ့ အေးစက်တဲ့အကြည့်တွေကိုမြင်ပေမဲ့ ဘယ်သူမှမမေးရဲကြပေ။ ဘယ်သူကမှ လေထုကိုမပြောင်းလဲရဲကြဘူးဖြစ်နေကြသည်။ အကယ်၍ သူတို့ ဂရုတစိုက်နှုတ်ပိတ်မထားကြရင် နှစ်ကုန်ဘောနပ်စ်နဲ့ လက်ဆောင်တွေရကြမှာမဟုတ်တော့ဘူးလေ။

ကျန်းရှောင်က အနည်းငယ်စားပြီးတာနဲ့ တူကိုချလိုက်သည်။ ဒေါက်တာရှီက ကောင်မလေးတစ်ယောက်နဲ့ တွဲနေတာ။ သူပြန်ထိုင်ပြီး ဆက်မစားနိုင်တော့ပေ။ တစ်ယောက်ယောက်ရဲ့နောက်ဖေးမီးလောင်နေရင် သူတော်စင်တွေတောင် အကူညီမဲ့ကြည့်နေရပြီးဘာမှမလုပ်နိုင်ဘူးလေ။

"တောင်းပန်ပါတယ်။ မိသားစုအရေးကိစ္စလေးရှိနေလို့။ ညီအစ်ကိုတို့ အဝစားကြပါ။ နောက်တစ်ကြိမ်မှ ကျွန်တော်ကိုယ်တိုင် တောင်းပန်တဲ့အနေနဲ့ ဖိတ်ကျွေးပါအုံးမယ်။"
သေချာပေါက်လုံလောက်ပြီ။ အကုန်လုံးရဲ့ဆင်ခြင်တွေကဆင်တူ​တွေ။ မိသားစုနဲ့မိဘတွေက အမြဲတမ်းအကောင်းဆုံး ဒိုင်းကာတွေပဲ။

"အဲ့ဒါကအရေးမကြီးပါဘူး။ ကျွန်တော်တို့က စားချင်သလိုစားလို့ရတယ်။ အိမ်က ကိစ္စကပိုအရေးကြီးတာပေါ့။ ဥက္ကဋ္ဌ ကျန်းကိုလဲ အိမ်ရောက်ရင် နှုတ်ဆက်ပါတယ်လို့ပြောဖို့သတိရပေးပါအုံး။"
အကုန်လုံး စိတ်သက်သာရာရတဲ့သက်ပြင်းချလိုက်ကြသည်။ ကျန်းရှောင်ထွက်သွားရင် သူတို့အနားယူလို့ရပြီလေ။

"ဒါပေါ့ဗျာ"

ကျန်းရှောင် အောက်ထပ်ကိုခြေလှမ်းကျဲတွေနဲ့လှမ်း နက်ကတိုင်ကိုဖြေလျော့လိုက်ပြီး တစ်လျှောက်လုံးပြေးလာခဲ့သည်။ သူ စားသောက်ဆိုင်ကို အမြန်ပြန်လာခဲ့ပေမဲ့ ပြတင်းပေါက်နားကစားပွဲကလွတ်နေတာကို တွေ့ခဲ့ရ၏။ သူစိတ်ပျက်မှုနဲ့အတူ လမ်းမပေါ်လျှောက်လာခဲ့သည်။ သူ့ရဲ့အပေါ်ထည်က စားသောက်ဆိုင်မှာပဲရှိနေတုံးဖြစ်ပြီး မိုဘိုင်းဖုန်းနဲ့ သော့တွေကိုယူမလာခဲ့ရကြောင်း သိဖို့ အချိန်မိနစ်အနည်းငယ်ယူလိုက်ရသည်။

သူပြန်သွားကြည့်ရမယ်။

သူ ဟိုတယ်တံခါးကိုချည်းကပ်လိုက်တာနဲ့ ကျန်းရှောင် အေးခဲသွားတော့သည်။ သူ ဒေါက်တာရှီလော့ကို လမ်းပေါ်မှာတွေ့လိုက်ရပြီး သူ(ရှီ)ကလဲ သူ့ကိုမြင်သွား၏။ ဒေါက်တာရှီသူ့ဆီကိုလျှောက်လာခဲ့သည်။ သူ့လက်ထဲမှာတစ်ခုခုရှိနေပြီး သူအမှားတစ်ခုလုပ်မိလာသလိုမျိုး တစ်လျှောက်လုံးငုံ့လာခဲ့သည်။

ငါလေး ဝံပုလွေသားရဲတွင်းထဲပို့ခံလိုက်ရပြီ/ငါလေး ဝံပုလွေသားရဲတွင်းထဲပို့ခံလိုက်ရြWhere stories live. Discover now