Chapter 19

2.5K 471 22
                                    

<Uni>


ခွေးလေးရဲ့ကြေကွဲစရာကောင်းတဲ့ဘဝ (၂၂)

ဒီနေ့ သခင် ငါ့ကိုလာတွေ့ချိန်မှာတော့ သူ့မျက်နှာက နည်းနည်းမည်းမှောင်နေတယ်။ ဆူပုတ်နေတဲ့မျက်နှာကြီးနဲ့ အစ်ကိုကြီးဝံပုလွေကို ဘာဆေးထိုးပေးလိုက်လဲမသိဘူး။ သူ အစ်ကိုကြီးဝံပုလွေကိုဆေးထိုးပြီးတော့ အနောက်မှာရှိတဲ့ငါ့ကိုလှည့်ကြည့်လိုက်ပြီး ငါ့ကိုခေါ်သွားတယ်။ အစ်ကိုကြီးဝံပုလွေက ကြောက်လန့်ပုံရတဲ့ ခွေးအကြီးကြီးတစ်ကောင်ရှိနေတဲ့ ​လှောင်အိမ်ကြီးထဲ ထပ်အထည့်ခံလိုက်ရတယ်။

ခွေးကြီးက အစ်ကိုကြီးဝံပုလွေလို ချောမောခန့်ငြားတဲ့ပုံပေါက်နေပေမဲ့ အစ်ကိုကြီးလောက်တော့မဟုတ်ဘူးပေါ့လေ။

သခင်က ငါ့ကိုလှောင်အိမ်အပြင်ဘက်မှာချပေးသွားတယ်။ အစ်ကိုကြီးဝံပုလွေက ​လှောင်အိမ်ထဲက လှဲလျောင်းနေပြီး ငါ့ကို အနီးကပ်ကြည့်လာတယ်။ သူ့အကြည့်တွေက နက်ရှိုင်းပြီး လေးနက်နေတယ်။ အစ်ကိုကြီးဝံပုလွေက တဖြေးဖြေး ပင့်သက်ရှိုက်လာပြီး အသက်ရှုသံတွေက စပြီး လေးလံလာတယ်။ ငါ့ကိုကြည့်တဲ့ အကြည့်က တည်ငြိမ်မနေတော့ပဲ သူ့မျက်လုံးတွေထဲက အရိုင်းဆန်မှုတွေက ငါ့ကိုဝါးမြိုသွားတယ်။ ငါ စိုက်ကြည့်ခံနေရပေမဲ့ ကြောက်ရွံမှုကိုမခံစားရဘူး။ ပထမဆုံးအကြိမ်အဖြစ် အစ်ကိုကြီးဝံပုလွေရဲ့ ခက်ထန်နေတဲ့မျက်လုံးတွေကို ကြောက်ရွံသလို မခံစားရတာကြောင့် ငါ့တစ်ကိုယ်လုံးကအမွေးတွေ ထောင်သွားမိတယ်။

ဒီခံစားချက်က အံ့ဩစရာပဲ(ဟဲ့ဟဲ့ဪ)။ ဝံပုလွေရဲ့အပြုအမူကြောင့် လှောင်အိမ်ထဲက ခွေးကြီးက အခက်အခဲဖြစ်နေပုံပေါ်သည်။ သူ(၎င်း)က တုန်တုန်ရီရီနဲ့ပဲ သူ့ခြေထောက်ပေါ်သူ မတ်တပ်ရပ်လိုက်ပြီး စိုစွပ်တဲ့မျက်ဝန်းတွေနဲ့ အစ်ကိုကြီးဝံပုလွေဆီကို ချည်းကပ်လိုက်တယ်။ သူ(၎င်း) က အစ်ကိုကြီးဝံပုလွေရဲ့ ကြံခိုင်တဲ့ ခန္ဓာကိုယ်ကိုပွတ်သီးပွတ်သတ်လုပ်လိုက်တယ်။ အစ်ကိုကြီးဝံပုလွေက ကြက်သီးထသွားပေမဲ့ မလှုပ်ရှားဘူး။ သူက ငါ့ကို သူ့ရဲ့ နီစွေးနေတဲ့ မျက်လုံးတွေနဲ့ပဲ ဆက်ကြည့်နေခဲ့တယ်။

ငါလေး ဝံပုလွေသားရဲတွင်းထဲပို့ခံလိုက်ရပြီ/ငါလေး ဝံပုလွေသားရဲတွင်းထဲပို့ခံလိုက်ရြWhere stories live. Discover now