Chapter 15

2.6K 479 2
                                    

<Unicode>

ငါသခင့်ကိုပြန်မြင်ရလိမ့်မယ်လို့ အိပ်မက်တောင်မမက်ဖူးဘူး။ သခင်က ငါနဲ့အစ်ကိုကြီးဝံပုလွေဆီကို သေနတ်နဲ့ ချည်းကပ်လိုက်တယ်။ ငါ တကယ်ကို သခင့်ဆီ နှစ်ခါလောက်အော်လိုက်တယ်။

သခင်တစ်ယောက်ပဲ တန့်သွားတာမဟုတ်ပဲ ငါလည်းပဲ အနောက်ကိုဆွဲခံလိုက်ရတယ်။ ငါ သခင့်ဆီကိုပြန်သွားချင်ပေမဲ့လဲ အစ်ကိုကြီးဝံပုလွေရှေ့မှာရပ်လိုက်ပြီး သခင့်ကိုပြန်တိုက်ခိုက်ချင်နေမိတယ်။

"ငါတော့ဆေးမှားသွားပြီထင်တယ်။"

သခင်က အစ်ကိုကြီးဝံပုလွေကို သူ့သေနတ်နဲ့ မှင်သေသေပဲ ပစ်လိုက်တယ်။ အစ်ကိုကြီးဝံပုလွေကို အထမ်းစဥ်ပေါ်သယ်ဖို့ လူတွေအများကြီးရောက်လာပြီး သူ့ကို ကားပေါ် မ သွားတော့တယ်။ သခင်က ငါ့ဆီ​ချည်းကပ်လာပြီး ခေါင်းကိုလာထိတယ်။ သူ့က ငါ့လည်ပင်းကိုထပ်ပွတ်လိုက်တယ်။ ကြည့်ရတာ ငါ့ကိုချီးကျူးနေပုံပဲ။ ငါမှာပျော်တောင်မပျော်နိုင်ဘူး။

ဘာကြောင့်လဲဆိုတော့ အစ်ကိုကြီးဝံပုလွေက ထမ်းစဥ်ပေါ်ကနေ ငါ့ကို မျက်လုံးပြူးကြီးနဲ့ကြည့်နေတာ။ အဲ့ဒါက အကြည့်တစ်ချက်ပဲဆိုပေမဲ့ ထောင်ပေါင်းများစွာသောခံစားချက်တွေ ရောပြွန်းနေတယ်။ သူ ငါ့နှလုံးလားထဲကို စိုက်ကြည့်လိုက်သလို ခံစားလိုက်ရတယ်။

ငါ သခင့်ရဲ့လက်ကိုခါလိုက်ပြီး အစ်ကိုကြီးဝံပုလွေဆီပြေးသွားလိုက်တယ်။ ငါဘာကိုကြောက်ရွံနေမိမှန်း ငါမသိဘူး။ အခုချိန်မှာ မလှုပ်ရှားလိုက်ရင် အကိုကြီးဝံပုလွေက ငါ့ကို သူ့ခန္ဓာကိုယ်အောက်မှာ ရစ်ပတ်ပြီး ငါ့လည်ပင်းကို ဘယ်တော့မှ လျက်ပေးတော့မှာမဟုတ်ဘူးလို့ ခံစားလိုက်ရတယ်။

ဖျင်ဟိုင်း တိရစ္ဆာန်ရုံ official weibo 1

Weibo: ဝံပုလွေဘုရင်က ခေါင်းဆောင်နိုင်မှု ပြန်ရရှိဖို့ကျဆုံးသွားပြီး ထပ်မံ ဒဏ်ရာရရှိ။ တကယ့်ကို စိတ်မချမ်းသာစရာပဲ။ မွေးမြူရေးသမားတွေက အပေါင်းအသင်းအနေနဲ့ ပို့လိုက်ပေမဲ့ သူက သူ့မိတ်ဖက်ဖြစ်သွားတယ်။

[ဝူးး ဒီတိရစ္ဆာန်မှတ်တမ်းကိုကြည့်ပြီးငိုနေပါပြီ။ ခွေးလေးက အရမ်းကိုရူးမိုက်ပြီး တုံးလိုက်တာ။ ဝံပုလွေက သူ့ကိုဘယ်လိုစောင့်ရှောက်လဲဆိုတာကြည့်လိုက်ရပြီး ဒါကအချစ်ဆိုတာကိုပဲ တွေးမိတယ်။ ငါမတတ်နိုင်ခဲ့ဘူး...]

ငါလေး ဝံပုလွေသားရဲတွင်းထဲပို့ခံလိုက်ရပြီ/ငါလေး ဝံပုလွေသားရဲတွင်းထဲပို့ခံလိုက်ရြWhere stories live. Discover now