Chapter 14

2.6K 485 7
                                    

<Uni>

ခွေးလေးရဲ့ကြေကွဲစရာကောင်းတဲ့ဘဝ (၁၈)

အစ်ကိုကြီးဝံပုလွေက ငါ့ကိုသူ့ပါးစပ်ထဲမှာချီထားရင်း တစ်လမ်းလုံးပြေးခဲ့တယ်။ သူက ဝံပုလွေသားရဲတွင်းထဲကိုပြေးသွားပြီး စွမ်းအင်တွေအားလုံးကုန်သွားသလိုမျိုး ငါကိုချီထားရင်းလဲကျသွားတယ်။

ငါ့ခြေထောက်ကိုငါကန်လိုက် ငါ့လက်ဖဝါးတွေကိုဆွဲဆန့်ပြီး ခေါင်းရမ်းလိုက်တယ်။

"ဝုတ်ဝုတ်" အစ်ကိုကြီးဝံပုလွေ ကျွန်တော့်ကိုအရင်လွတ်ပေးပါအုံး။ အစ်ကိုကြီးဝံပုလွေက သူရဲ့ပင်ပန်းနေတဲ့မျက်လုံးတွေကိုဖွင့် လည်ပင်းကိုဖြေလျော့ပေးလိုက်ပြီး ရောင်နေတဲ့အသားအရည်ကိုလျက်ပေစလိုက်တယ်။ ငါ တွားသွားဖို့ရုန်းကန်လိုက်ပြီး ဝံပုလွေသားရဲတွင်းကိုအနီးကပ်ကြည့်လိုက်တယ်။ ငါ့ကိုယ့်ငါတွေးလိုက်တာပေါ့။ ဘာကြောင့်များ အိမ်ပြင်ထွက်သွားလိုက်မိပြီး အပြင်ဘက်ကိုခြေချတာ ဘယ်လောက်တောင်မလုံခြုံလဲဆိုတာကို။ ငါ ခေါင်းကိုညွှတ်လိုက်တယ်။ ငါ အစ်ကိုကြီးဝံပုလွေကို အိမ်ပြန်ခေါ်သွားချင်တယ်လေ။ ဒါပေမဲ့ အစ်ကိုကြီးဝံပုလွေက သူ့မျက်လုံးတွေကိုပိတ်လိုက်ပြီး ငါ့ကို လျစ်လျူရှုသွားတယ်။ အစ်ကိုကြီးဝံပုလွေရဲ့ မမြင်ရတဲ့မျက်ခုံးက တုန်လှုပ်သွားပြီး တခြားဝံပုလွေနဲ့တိုက်ခိုက်ခဲ့တဲ့ မြင်ကွင်းကိုငါသတိရသွားတယ်။

အစ်ကိုကြီးဝံပုလွေရဲ့ အသွေးအသားတွေဝေဝါးနေတဲ့ နောက်ခြေကိုငါအမြန်ကြည့်လိုက်တယ်။ အဲ့တာက တော်တော်ကြီးကိုတွန့်တွန့်သွားနေပြီး သွားစွယ်ခြစ်ရာတွေရှိနေတဲ့ အစ်ကိုကြီးဝံပုလွေရဲ့ ခန္ဓာကိုယ်ကို ငါကြည့်လိုက်တယ်။

အစ်ကိုကြီးဝံပုလွေပြေးဖို့ဆိုတာ အဆင်မပြေဘူး ဒါပေမဲ့ ငါ့ကိုကယ်ဖို့လုပ်ခဲ့တာ။ ငါ မျက်ရည်စက်လက်နဲ့ အစ်ကိုကြီးဝံပုလွေရဲ့ရှေ့ခြေကိုလျက်ပေးလိုက်တယ်။ ပြီးတော့ သူ့ရဲ့မျက်လုံးတွေအနည်းငယ်ပွင့်လာတယ်။ ငါအရှေ့ကိုဆက်သွားလိုက်ပြီး အစ်ကိုကြီးဝံပုလွေရဲ့ မပွင့်တဲ့မျက်လုံးထောင့်ကို လျက်လိုက်တော့ သူက ခဏတာအာရုံလွဲသွားတယ်။

ငါလေး ဝံပုလွေသားရဲတွင်းထဲပို့ခံလိုက်ရပြီ/ငါလေး ဝံပုလွေသားရဲတွင်းထဲပို့ခံလိုက်ရြWhere stories live. Discover now