Chapter 2

4K 618 4
                                    

<Unicode>
ခွေးလေးရဲ့ ကြေကွဲစရာကောင်းတဲ့ဘဝ (၃) [T/N:ကျွန်တော်လဲ ဘယ်ကနေဘယ်လို ၃ ဖြစ်သွားမှန်းမသိဘူး။ သူ ၃ ဆိုလို့ ၃ တာ'D]

မှောင်လာတဲ့အချိန်မှာပဲ သခင်ရောက်လာခဲ့တယ်။ သူတို့ကို ခွေးစာတစ်ခွက်ပေးသွားပြီး ဝံပုလွေကိုတော့ ယုန်သားတချို့ ပေးသွားပေမဲ့ ငါ့ကိုတော့ပြန်ခေါ်မသွားခဲ့ဘူး။ ငါ့သူ့ကို "ဝုတ် ဝုတ်" လို့တောင်လှမ်းအသံမပေးရဲဘူး။ ဘာလို့ဆို အစ်ကိုကြီးဝံပုလွေက အဲ့မှာရှိနေတယ်လေ။ ငါ ငိုမဲ့မဲ့ပုံလုပ်ပြီး သူ့ကို မျက်ရည်တွေအပြည်နဲ့ကြည့်လိုက်တယ်။ သူ ငါ့ကိုကယ်လိမ့်မယ်လို့ မျှော်လင့်မိနေတယ်။ သူကအရမ်းကြင်နာတတ်လို့လေ။ သူက ငါ့ခေါင်းကိုထိလိုက်ပြီး လည်ပင်းကိုထပ်ပွတ်ပေးလိုက်တယ်။ သူဘာပြောလဲဆိုတာကိုငါနားမလည်ဘူး။ ဘာပဲဖြစ်ဖြစ် သူငါ့ကို သူနဲ့အတူမခေါ်ပဲအဝေးကိုထွက်သွားပြီး အစ်ကိုကြီးဝံပုလွေကိုလှည့်ကြည့်လိုက်တယ်။ ငါ့ကိုတော့မကြည့်ခဲ့ဘူး

"သခင်ရေ၊ အူးအူးအူးအူး..."

ငါအရမ်းကို ဝမ်းနည်း၊ကြောက်ရွံပြီး အရမ်းကိုမချင့်မရဲဖြစ်နေခဲ့တယ်။ ဗိုက်ကလဲဆာနေပြီး ခွေးစာအနံ့ကလဲ မွှေးပျံ့နေတယ်။ အစ်ကိုကြီးဝံပုလွေကို အနှောင့်ယှက်ပြုမိမှာစိုးလို့ တိတ်တဆိတ်ပဲစားခဲ့ရတယ်။ ငါ အစ်ကိုကြီးဝံပုလွေကိုချောင်းကြည့်လိုက်တော့ သူကငါ့ကိုစိုက်ကြည့်နေတယ်။ အစ်ကိုကြီးဝံပုလွေက ယုန်သားကိုမစားဘူး။ ငါ့ကိုပဲစိုက်ကြည့်နေခဲ့တာ။

"ဝုတ် ဝုတ်..." အဲ့ခွေးရဲ့အသားက ယုန်သားထက်ပိုကောင်းတယ်လို့ မတွေးနေပါစေနဲ့လို့ပဲ ဆုတောင်းနေမိတယ်။ ငါ့အစာကို စားလိုက်ပေမဲ့ အဲ့တာကမလုံလောက်ဘူး။ သခင်မှာ အစာအများကြီးမစားတဲ့ အိမ်မွေးခွေးရှိခဲ့ဖူးတာနဲ့ တူပါရဲ့။ ငါတို့တရုတ်ကျေးလက်ခွေးတွေရဲ့ အစာလိုအပ်ချက်ပမာဏကို သူနားမလည်ဘူးလေ။ ငါ အစာခွက်ကိုကြည့်၊ လှဲလိုက်ပြီး သင်းပျံ့နေတဲ့ယုန်သားအနံ့လေးကို ရှုရှိုက်နေလိုက်တယ်။

ငါလဲစားစားပြီးသွားတော့ အစ်ကိုကြီးဝံပုလွေရဲ့မျက်လုံးတွေ မှိတ်သွားတယ်။ သူ ယုန်သားကိုမထိဘူး။  အစ်ကိုကြီးဝံပုလွေက ချက်ထားတဲ့ယုန်သားကို မကြိုက်ပုံပဲ။ ဒါပေမဲ့ငါကြိုက်တယ်လေ။ ငါ့ရဲ့ မီးခိုးရောင်လက်ဖဝါးအသေးလေးကို တိတ်တိတ်လေးဆန့်ထုတ်လိုက်ပြီး ယုန်သားက ငါ့လက်သည်းနားမှာတင်ရှိနေတယ်။ လှောင်အိမ်စွန်းကို ဖြေးဖြေးချင်းထိလိုက်ပြီး ယုန်သားကိုမှီတဲ့အထိ အစွမ်းကုန်ဆန့်ထုတ်လိုက်တယ်။ မယူခင် အစ်ကိုကြီးဝံပုလွေကိုကြည့်လိုက်မိတယ်။

ငါလေး ဝံပုလွေသားရဲတွင်းထဲပို့ခံလိုက်ရပြီ/ငါလေး ဝံပုလွေသားရဲတွင်းထဲပို့ခံလိုက်ရြWhere stories live. Discover now