Chapter 17

2.6K 475 0
                                    

<Uni>

ဝံပုလွေဘုရင်က ဘာလို့ဒဏ်ရာထပ်ရလာတာကို ဂရုစိုက်တာ ငါ တစ်ယောက်ထဲလား။ တိရစ္ဆာန်ရုံရဲ့ အကြမ်းဖက်မှုလုပ်ရပ်နဲ့ တိရစ္ဆာန်ရုံအတွင်းက အန္တာရာယ်ရှိတဲ့ဥပေက္ခာပြုမှုမဟုတ်တာသေချာ(တကယ်)ရဲ့လား။]

[အရင်ရက်တွေတုံးက ခေါင်းဆောင်လုတိုက်ပွဲမှာ လူတွေကပဲ တကယ်တန်းကြိုးကိုင်ခဲ့တာ။ ဝံပုလွေက ခွေးအပေါ်စိတ်ကူးယဥ်ဆန်လွန်းသွားပြီး ပလ္လင်အတွက်မတိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်တာပဲ။ ဒါက တိရစ္ဆာန်ရုံရဲ့အမှားဆိုတာအထင်အရှားပဲ။]

[ဒိဟာက တူညီတဲ့ခွေးမဟုတ်ဘူးလို့ သံသယရှိတယ်။ တိရစ္ဆာန်ရုံက ခွေးသေဆုံးမှုကိုဖုံးကွယ်ပြီး သူတို့အမှားကိုဝှက်ထားတာပဲ။ ဒီနေ့ကမ္ဘာကြီးမှာ တူညီတဲ့လူကိုရှာဖို့ခက်ပေမဲ့ ဆင်တူတဲ့ခွေးကိုတော့ရှာဖို့လွယ်တာပဲကို။]

[ဓာတ်ပုံတွေက လိမ်လည်ဖို့အရမ်းလွယ်တယ်။ တကယ်တော့ အင်တာနက်အသုံးပြုသူတွေ ဝံပုလွေကိုမမုန်းအောင် လုပ်ဖို့ တိရစ္ဆာန်ရုံကကြိုးစားနေတာပဲ။ ဒါဆို ဒီဟာက လူထုထင်မြင်ချက်ကိုပြောင်းလဲဖို့ ပရိယာယ်ကစားကွက်ပဲမလား။]

[ဒါက တကယ်ကိုတူတယ်ရော။ မနေ့က ငါ့ကလေးကို တိရစ္ဆာန်ရုံကိုခေါ်သွားသေးတယ်။ ဝံပုလွေကိုလုံးဝမတွေ့ခဲ့ရဘူး။]

[တစ်ချို့သောလူတွေက lemon essenceတွေပဲ*။ သူတို့က ခေါင်းတလားကိုမမြင်ရမချင်း မျက်ရည်ကျကြမှာမဟုတ်ဘူး*။ ဝံပုလွေခွေး ပန်းခြံဖွင့်ဖို့ တိရစ္ဆာန်ရုံကိုငါတောင်းဆိုချင်တယ်။]

[ထောက်ခံတယ် +၁](ငါသွေးစာအုပ်နဲ့အတူထောက်ခံတယ်။)

[ထောက်ခံတယ် +၁၀၀၈၆]

ဖျင်ဟိုင်းတရားဝင် weibo ၃

weibo အသစ်: အင်တာနက်အသုံးပြုသူတွေရဲ့ တောင်းဆိုချက်အရ တိရစ္ဆာန်ရုံက ဝံပုလွေခွေးပန်းခြံကို သုံးရက်အကြာမှာဖွင့်လှစ်မည်။ ဝံပုလွေခွေး အချစ်ကို အတူတူသက်သေခံကြပါစို့။

[#Hit it offဆီမှ။ ငါက ကွင်းဆင်း ဓာတ်ပုံဆရာပါ။ ငါက ပုံမှန်အားဖြင့် ကွင်းစစ်တမ်းကောက်ရတာနဲ့ တိရစ္ဆာန်တွေရဲ့ဘဝကို ရိုက်ကူးရတာ သဘောကျလေ့ရှိတယ်။ အရင်ရက်တွေတုံးက ငါမတော်တဆ ဝံပုလွေတွေ ခွေးကိုကာကွယ်ပေးနေတဲ့ တခြားဝံပုလွေကိုတိုက်ခိုက်နေတာကို ရိုက်ကူးမိခဲ့တယ်။ ဒါကို သီးသန့်သိမ်းထားခဲ့ချင်ပေမဲ့ အင်တာနက်အသုံးပြုသူတွေ ဖျင်ဟိုင်းတိရစ္ဆာန်ရုံကို မုန်တိုင်းအလယ်ပို့လိုက်တဲ့ အဖြစ်အပျက်ကိုတွေ့လိုက်ရတယ်။ @ဖျင်ဟိုင်းတိရစ္ဆာန်ရုံတရားဝင်weibo video]

ငါလေး ဝံပုလွေသားရဲတွင်းထဲပို့ခံလိုက်ရပြီ/ငါလေး ဝံပုလွေသားရဲတွင်းထဲပို့ခံလိုက်ရြWhere stories live. Discover now