Chapter 25

2.5K 426 5
                                    

<Unicode>

အုပ်စုရဲ့ခေါင်းဆောင်က အမြဲပြောင်းလဲနေတာ။ ခေါင်းဆောင်းဟောင်းက ရှုံးသွားပြီ။ တိရစ္ဆာန်ရုံက ဝံပုလွေက ဘာလို့ခေါင်းဆောင်ဖြစ်မလာပဲ ဘာလို့ အုပ်စုတစ်ခုလုံး လိုက်တိုက်ခိုက်နေရတာတုံး။]

[ဝံပုလွေက တစ်ယောက်ချင်းစိန်ခေါ် တိုက်ပွဲမှာ ကျရှုံးသွားရင် အုပ်စုက ဝံပုလွေကိုမတိုက်ခိုက်သရွေ့ အနိုင်ရတဲ့ကောင်က လွယ်လွယ်ကူကူပဲ ဘုရင်အသစ်ဖြစ်သွားမှာ။ ကျန်တဲ့ဝံပုလွေအုပ်က ပြည်တွင်းတိုက်ပွဲက မင်းသားတွေဖြစ်ကုန်မှာပဲ။ အနိုင်ရတဲ့ကောင်ကို မလေးစားထိုက်ဘူးလို့ထင်ကြရင်တော့ အပြန်အလှန်တိုက်ကြတော့မှာ။ ဒီတစ်ကြိမ်တော့ ကျူးကျော်သူက အခြေအနေကို သိမ်းပိုက်လိုက်တာပဲ။]

[ဒါဆို တိရစ္ဆာန်ရုံက အထီးကျန်ဝံပုလွေက မမျှတတဲ့ ယှဥ်ပြိုင်ပွဲကြောင့် အတင်းအကျပ်နန်းစွန့်လိုက်ရတာလား။ ဝံပုလွေအုပ်တစ်ခုလုံးရဲ့ထုတ်ပယ်ခြင်းခံလိုက်ရတာလား။ ဒါဆို သူဘာလို့ပြန်သွားတာလဲ။]

[ဝံပုလွေမိသားစုအတွက်]

[ဝံပုလွေမိသားစုအတွက်]

[ဝံပုလွေမိသားစုအတွက်ပေါ့။ ဘာလို့တခြားဟာဖြစ်ရမှာလဲ။]

ဖျင်ဟိုင်းတိရစ္ဆာန်ရုံတရားဝင် weibo ၆

weibo အသစ်: ဒီနေ့ Siberian ကျားနဲ့ ဝံပုလွေတွေရဲ့ ခန္ဓာကိုယ်တွေ ဘေကျင်းတောင်မှာပေါ်လာတယ်။ တိရစ္ဆာန်ရုံက အထူးအဖွဲ့ကို စုံစမ်းဖို့လွတ်လိုက်ပါပြီ။ [image]

[ဘာ။ Siberian ကျား။]

[အရင်ရက်က Siberian ကျား အကြောင်းပြောတဲ့လူ။ သူပါးစပ်ဟလို့ရပြီလား။]

[ဒဏ်ရာရနေတဲ့ Siberian ကျားဘေးမှာ ဝံပုလွေအလောင်း ငါးလောင်းခြောက်လောင်း လောက်လဲကျနေတယ်။ ပုံကအရမ်းကိုထိတ်လန့်စရာပဲ။]

[ဝံပုလွေအုပ်က ညီညွတ်သွားပြီး Siberian ကျားကိုတောင်တိုက်ခဲ့ကြပြီပဲ။]

[ဝံပုလွေအုပ်တစ်ခုလုံးသာဆို ဒီSiberian ကျားအသေကောင် မသိချင်ယောင်ဆောင်မရဘူး။]

[ဝံပုလွေအုပ်စုလိုက်အမဲလိုက်ရင်း အဖော်တစ်ကောင်သေဆုံးသွားခဲ့မယ်ဆို ဝံပုလွေတွေက အလောင်းတွေ ရဲ့ပတ်ပတ်လည်မှာ လှည့်ပတ်အူပြီး အလောင်းတွေ ကိုစားလိမ့်လို့ ပြောကြတယ်။ အဲ့ဒါက အဖော်ရဲ့အလောင်းတွေကို တခြားမျိုးစိတ်တွေအမြင်မခံနိုင်တဲ့ ဝံပုလွေတွေရဲ့ သိက္ခာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ပုံထဲမှာ ဝံပုလွေတွေစားခံထားရတဲ့ လက္ခဏာရှိတဲ့ Siberian ကျားရဲ့ ခန္ဓာကိုယ်ပဲရှိတယ်။ အဲ့ဒါက ဝံပုလွေမှာ သူတို့အဖော်တွေရဲ့ အလောင်းကို ဖြေရှင်းဖို့ အချိန်ပိုမရှိဘူးလို့ဆိုလိုချင်တာလား။]

ငါလေး ဝံပုလွေသားရဲတွင်းထဲပို့ခံလိုက်ရပြီ/ငါလေး ဝံပုလွေသားရဲတွင်းထဲပို့ခံလိုက်ရြWhere stories live. Discover now