Chapter 12

2.7K 521 6
                                    

<Uni>

ခွေးလေးရဲ့ကြေကွဲစရာကောင်းတဲ့ဘဝ (၁၅)

အစ်ကိုကြီးဝံပုလွေနဲ့ ငါးရက်လောက် ​အေးအေးချမ်းချမ်းအချိန်ဖြုန်းပြီးတဲ့နောက် ငါ့အအခြေအနေကို ဖြေးဖြေးချင်းသဘောပေါက်လာတယ်။ ငါက ဝံပုလွေသားရဲတွင်းရဲ့ အနက်ထဲမှာပဲ။ ငါထင်ခဲ့တာတော့ ဝံပုလွေအတွက် နေစရာဘုံအသေးလေးပေါ့ ဒါပေမဲ့ ဒီဟာကတောအုပ်လေးလိုပဲ။ အစ်ကိုကြီးဝံပုလွေက နေ့တိုင်းထွက်သွားပြီး ပြန်ပြန်လာတယ်။ သူက သူနဲ့အတူသားကောင်ကိုတောင်ပြန်ယူလာသေးတယ်။

အစ်ကိုကြီးဝံပုလွေက ငါ့ကိုစားချင်ပုံမရဘူး။ အနည်းဆုံးယာယီပေါ့လေ။ သူက ငါ့ကိုဖိထားပြီး ငါ့လည်ပင်းကိုလျက်ရတာကြိုက်တယ်။ ပြီးတော့ သူ့ရဲ့ သားကောင်အမျိုးမျိုးနဲ့ ငါ့ကို ခံစားချက်တွေဖလှယ်ခိုင်းသေးတယ်။ ပြီးတာနဲ့ သားကောင်ကို ငါ့မျက်စိရှေ့မှာပဲ သတ်ပြီး ငါနဲ့မျှစားတယ်လေ။ စိတ်ခံစားမှုတွေကိုဆက်သွယ်တဲ့ လုပ်ထုံးလုပ်နည်းတွေကို ငါ တကယ်ပဲနားမလည်နိုင်ဘူး။ ဒါပေမဲ့ အစ်ကိုကြီးဝံပုလွေက ခေါင်းမာနေပြီး ပျော်တယ်လေ။

ငါ တစ်ခါတလေတော့ အစ်ကိုကြီးဝံပုလွေ အပြင်ထွက်တုံးသူမရှိတဲ့အချိန် အခွင့်ကောင်းယူပြီး ပြေးဖို့လုပ်ပေမဲ့လဲ ငါဝေးဝေးမသွားနိုင်ခင် ငါ့ကိုသူရှာတွေ့တွေ့သွားပြီး ငါ့ကိုတစ်လျှောက်လုံး အိမ်ပြန်ခေါ်သွားတယ်လေ။ အစ်ကိုကြီးဝံပုလွေက ငါ့ရဲ့ မှိုင်တွေနေတဲ့ မျက်နှာနဲ့ပက်သက်ပြီး တော်တော်ခက်ထန်တယ်။ ငါမြေပေါ်မှာလှဲနေပြီး လည်ပင်းကိုကုတ်ခြစ်လိုက်တယ်။

"လာစမ်းပါ။ ငါ့ကိုစားလိုက်ပါတော့။" ငါစောစောသေသွားရင် သရဲဖြစ်ကောင်းဖြစ်နိုင်ပါရဲ့။

အစ်ကိုကြီးဝံပုလွေက သူ့မျက်လုံးတွေကိုမှေးလိုက်တယ်။ သူကမာန်ဖီရင်း ငါ့ဆီကိုချည်းကပ်လာတယ်။ သူ့ခြေတွေနဲ့ ငါ့ကိုဘေးနား အသာပုတ်ပစ်လိုက်တယ်။ ငါမြေပေါ်မှာလှိမ့်သွားပြီး ဘာဖြစ်သွားလဲဆိုတာကို ငါသတိမထားမိခင်မှာပဲ နောက်ထပ်ခြေနဲ့ ပြန်ပစ်ခံလိုက်ရတယ်။ အစ်ကိုကြီးဝံပုလွေက စိတ်ဝင်စားသွားတဲ့ပုံပဲ။ သူ့ရဲ့ခက်ထန်တဲ့မျက်လုံးတွေက ဖြေးဖြေးချင်းကျင်းမြှောင်းလာပြီး ငါနဲ့ ကစားတော့တာပဲ။

ငါလေး ဝံပုလွေသားရဲတွင်းထဲပို့ခံလိုက်ရပြီ/ငါလေး ဝံပုလွေသားရဲတွင်းထဲပို့ခံလိုက်ရြWhere stories live. Discover now