အပိုင်း (၁၇)

12.1K 1.4K 11
                                    

အပိုင်း (၁၇) ရှောင်မိန်ပါဝင်သော ဆိပ်ကမ်းမြို့က မိသားစုခရီးစဥ် -2

ပိုင်လီလည်း ဇာက်လမ်းအစဆုံးကိုကြားပြီးနောက် ရယ်မိတော့၏။ သို့သော် ဤလူက လေးကိုထုတ်လာသောအခါ သူမျက်နှာကတည်တံ့သွားခဲ့ပေသည်။ ဒါက လေးကအရမ်းကောင်းနေလို့ပါပဲ။

ကိုယ်ထည်သည် သန့်စင်သည့်သတ္တုနှင့်ပြုလုပ်ထားပုံရပြီး အလွန်ကြော့မော့၍ ထွင်းထုထားသော ကနုတ်ပန်းလက်ရာများသည်လည်း ခန့်ထည်လှသည်။ ဤနေရာရှိမည်သည့် လေးကမှ ထိုလေးကို ယှဥ်နိုင်မှာမဟုတ်ဘူး။

ပိုင်လီက သူ၏မူလဘဝတွင်ထဲက မြှားပြစ်ခြင်းကိုအလွန်သဘောကျသူဖြစ်၏ ဤသို့ လေးကောင်းတစ်လက်ကိုမြင်လိုက်ရချိန်တွင် ဟန်မဆောင်နိုင်ပဲ မျက်လုံးများက ဝင်းလက်လာခဲ့လေ၏။ သတ်လတ်ပိုင်းလူကဒါကိုမြင်တော့ ပိုင်လီကရိုးရှင်းသည့်လူတစ်ယောက်ဟု ပို၍တောင်မြင်သွားတော့သည်။

မူလပိုင်လီက ဆိပ်ကမ်းမြို့မှာမသောင်းကျန်းနိုင်ခဲ့တဲ့အတွက် ပိုင်လီရဲ့အတိတ်အကြောင်း ဒီလူတွေမကြားဖူးတာက ပုံမှန်ပါပဲ။ သူတို့က ပိုင်လီရဲ့လက်ရှိပုံစံကိုပဲကြည့်ပြီး ရိုးရှင်းလူကောင်းတစ်ယောက်ဟု ချက်ခြင်းမှတ်ချက်ပြုခဲ့ကျသည်။

သက်လတ်ပိုင်းလူမှ...

"ညီလေးပိုင် မင်းကြည့် ဒီလေးဆိုဘယ်လိုလဲ"

ပိုင်လီက ထိုလူ၏ခွင့်ပြုချက်ဖြင့် လေးကိုယူကြည့်ကာ လေးကြိုးတင်ကြည့်လိုက်သော် လေးကြိုးကအရမ်းခိုင်မာနေပြီး သူ၏ခွန်အားနှင့်အလွန်သင့်တော်ကြောင်းတွေ့ရှိခဲ့၏။ ဒီလေးနှင့်သာဆို ဝက်ဝံကိုပင်လျှင် တစ်ချက်တည်းနှင့် သတ်နိုင်မည်ဟု သူခံစားခဲ့ရသည်။

ပြီးတော့ ဒီလေးမှာ သတ္တုမြှားတံကနှစ်ဆယ့်ငါးချောင်းတောင်ပါတာလေ။

ပိုင်လီက မသိစိတ်မှ လျှာသပ်လိုက်မိပြီး...

"အစ်ကိုကြီး မင်း ဒီလေးကိုရော ရောင်းမှာလား"

သတ်လတ်ပိုင်းလူသည် ပိုင်လီကဒီလေးကို သဘောကျမှန်းသိတာကြောင့် ရယ်လိုက်ပြီး...

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now