အပိုင်း (၁၀၆)

8K 970 5
                                    

အပိုင်း (၁၀၆) ဇနီးလေးအား စနောက်ခြင်း-2

ဒါကြောင့်သာ ချောင်မိသားစုသည်ညနေခင်းအချိန်ဖြစ်နေတာတောင်ပိုင်မိသားစုနှင့်အတူပိုင်လီအိမ်သို့လာလည်နေခြင်းဖြစ်သည်။

ဒီအချိန်မှာ ချောင်ချင်းချင်းလေးက ပိုင်လီတို့အိမ်က စံပါယ်ပင်လေးကိုတွေ့ပြီး ထိုအပင်လေးကို ပတ်ပြေးနေခဲ့ပါတယ်။ သူမလေးက ဒီပန်းပင်လေးကို အရမ်းကြိုက်ပေမယ့် သူမမိဘတွေက မြို့တော်ကိုပို့လိုက်တဲ့အခါ တော်တော်လေးဝမ်းနည်းခဲ့ရတယ်။ ဒါပေမယ့် ပိုင်လီက သူမလေးကို ပန်းပင်ထပ်ရှိတဲ့ သူတို့အိမ်သို့ လာလည်နိုင်ကြောင်းပြောခဲ့ပြီး သူမကလည်းအမြဲလာလည်ချင်နေခဲ့ပေမယ့် သူမအဖေရဲ့အလုပ်တွေကြောင့် အခုမှပဲပန်းပင်လေးကို ပြန်တွေ့ရတော့တယ်။

ပိုင်မိန်သည် စံပါယ်ပင်လေးနားတွင် ပျော်ရွှင်နေသည့် ကလေးမလေးအားကြည့်ကာ သက်ပြင်းချခဲ့မိသည်။ တကယ်တော့ ချောင်ချင်းချင်းလေးနဲ့ သူမက ဘဝတူတွေပါပဲ။ သူမတို့မှာ ဒီလိုစံပါယ်ပင်လေးတွေ တစ်ပင်စီရှိခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဆုံးရှုံးခဲ့ရတယ်လေ။

ဟုန်ရင်းသည်လည်း စံပါယ်ပင်လေးအား အရမ်းကြိုက်တာဖြစ်သည်။ အထူးသဖြင့် ခပ်သင်းသင်းနှင့်မွှေးလွန်းသည့် အနံ့ကိုဖြစ်ပြီး ပန်းပွင်ရဲ့ပုံသဏ္ဍာန်ကလည်း သူမကို မလွန်ဆန်စေဘဲ သူမက ဒါကို သူမရဲ့သမီးကြီး မြို့တော်မှာအဆင်ပြေရေး အတွက်သာ တွေးပြီး ပို့ပေးခဲ့ရတာပင်။

အခု ဒီလိုပန်းပင်လေးကို ပြန်တွေ့တဲ့အခါ သူမလည်းပျော်နေမိပါတယ်။

ဟုန်ရင်းက စံပါယ်လေးကို ကျေနပ်စွာကြည့်နေရင်းနဲ့...

"မောင်လေးပိုင်တို့အိမ်က စံပါယ်ပင်လေးက အပွင့်အများကြီးပါလား ကြည့်ပါဦး ဘယ်လောက်တောင်လှနေလိုက်လဲ တစ်ခြံလုံးကိုတောင် မွှေးနေစေလိုက်သေးတယ် ဘာအမွှေးနံ့သာမှတောင်မလိုတော့ဘူး"

မော့ဟွာသည်လည်း ဟုန်ရင်းစကားကြောင့် စံပါယ်ပင်လေးကို လှမ်းကြည့်ခဲ့သည်ပင်။ သူမက စံပါယ်ပင်နားက ကလေးတွေကိုမြင်တော့ ပြုံးလိုက်ပြီး....

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now