အပိုင်း (၁၀၇)

7.8K 937 5
                                    

အပိုင်း (၁၀၇) ဇနီးလေးအား စနောက်ခြင်း-3

"ကြည့်ဦး မင်းရဲ့ဇနီးက အလုပ်ကြိုးစားပြီး နေမကောင်းတောင်ဖြစ်နေပြီ မင်းကတော့ ငွေကိုပဲ ဖြုန်းချင်နေတယ် အဲတာကောင်းသလား!"

ပိုင်လီသည် ရှောင်ဟန်က သူစနောက်ထား၍ သူ့ကိုရှောင်နေတာဖြစ်ကြောင်း သိသဖြင့် ပိုင်အမေအား ဘာမှပြန်မပြောခဲ့တော့ပေ။ သူက ရယ်ကျဲကျဲသာလုပ်နေသဖြင့် ပိုင်အမေက ရှောင်ဟန်အား ဂရုစိုက်ရန် မှာသွားခဲ့ကာ ပိုင်မိသားစုနှင့် ချောင်မိသားစုပြန်သွားပြီးနောက် ပိုင်လီလည်းအိမ်လေးထဲပြန်ဝင်လာခဲ့တော့သည်။

တကယ်တော့ ပိုင်လီက အိမ်ကို မြန်မြန်ဆောက်သင့်နေပါပြီ။ အခုပဲကြည့်လေ ချောင်မိသားစုကသူ့ဆီလာလည်တာပေမယ့်သူ့အိမ်လေးကသေးနေတာကြောင့် ပိုင်အိမ်မှာတည်းနေရတယ်။ အဲတာက မဖြစ်သင့်တာပဲ။ သူက သစ်သီးခြံကို အရင်လုပ်ဖြစ်သွားလို့သာ မဟုတ်ရင် နွေဦးမှ မဟုတ်ဘဲ အိမ်ကိုအရင်ဆောက်လိုက်လို့ရတယ်။

ပိုင်လီ အိမ်လေးထဲဝင်လာချိန်တွင် ရှောင်ဟန်က ညစာပြင်လျက်ရှိပြီး အသေးလေးတွေက စားပွဲမှာ စားရန် ထိုင်စောင့်နေခဲ့ကျသည်။ ဒီကောင်လေးတွေက ဒီနေ့ အရမ်းဆော့ထားလို့ ခြေကုန်လက်ပန်းကျနေတဲ့ အသွင်လေးတွေ ဖြစ်နေကျပါပြီ။ ကြည့်ရတာ စားပြီးရင် အရင်လို ပိုင်လီနဲ့တောင် မဆော့နိုင်တော့ဘဲ တန်းအိပ်ကျတော့မည်ထင်၏။

တကယ်တော့ ပိုင်လီက ချောင်မိသားစုကို အိမ်မှာညစာစားဖို့ ဖိတ်မလို့ပေမယ့် ပိုင်အမေက ပိုင်အိမ်မှာပြင်ဆင်ပြီးပြီဟုဆိုခဲ့သဖြင့် သူတို့က မနက်ဖြန်မှသာ ချောင်မိသားစုကို ဖိတ်တော့မည်ဖြစ်သည်။ တကယ်တော့ ဒါလည်းကောင်းပါတယ်။ သူတို့တွေ ဒီနေ့ ခြံထဲတစ်နေကုန်ရောက်နေလို့ ဘာမှကောင်းကောင်းပြင်ဆင်နိုင်မှာ မဟုတ်ဘူးလေ။ ပိုင်အိမ်ကတော့ အိမ်မှာ လူတချို့ရှိနေခဲ့လို့ သူတို့ထက်စာရင် ဧည့်သည်တွေအတွက် ပိုအဆင်ပြေအောင် ပြင်ဆင်နိုင်မှာပဲမလား။

ပိုင်လီက ခပ်တည်တည်နှင့် စားပွဲ၌ ဝင်ထိုင်လိုက်ချိန်တွင် ဟင်းပန်းကန်များချနေသည့် ရှောင်ဟန်က ခဏရပ်တန့်သွားခဲ့သော်လည်း သိပ်မကြာခင် သူက လစ်လျူရှုလိုက်ပုံနှင့် သူလုပ်စရာရှိတာကို သာဆက်လုပ်နေခဲ့ပြီး မျက်နှာလေးကတော့ ပုံမှန်ထက် အနည်းငယ်ဆူပုတ်နေခဲ့ပေသည်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now