ဇနီးလေး၏ယုံကြည်မှု

7.3K 944 6
                                    

အပိုင်း (၁၁၅) နွေဦးသို့ရောက်ရှိခြင်းနှင့်

ပိုင်အိမ်တွင် သူတို့က ဇနီးလေး၏ယုံကြည်မှုထိနေခဲ့ကျပြီး ညစာချက်ပြုတ်ချိန်မှသာ အိမ်သို့ပြန်လာခဲ့ကျတော့သည်။

ဒီရက်ပိုင်းတွေမှာ ရာသီဥတုက အေးခဲနေသလိုပဲ သူတို့ဘဝတွေကလည်း အလွန်ကို အေးအေးဆေးဆေးပါပဲ။

ပိုင်လီက တစ်ခါတစ်လေမှာ ရာသီဥတုကို အမှုမထားဘဲ တောစပ်ကိုထွက်သွားတက်၍ အပြန်မှာ ကျွဲအိမ်နဲ့ သူ့ခြံကိုလည်း ဝင်ကြည့်တတ်သေးပြီး ပိုင်အိမ်၊ ကျန်းအိမ်နဲ့ ရုံအိမ်ကတော့ သစ်သားရုပ်တွေလုပ်နေသေးကာ အကြမ်းထည်တွေကို သူ့ဆီလာပို့နေတုန်းဖြစ်လို့ သစ်မြင်းရုပ်လေးတွေကလည်း အတော်ကိုများတဲ့ပမာဏ ဖြစ်နေပြီဖြစ်သည်။

နွေဦးပေါက်တာနဲ့ သူတို့က ဒီမြင်းရုပ်လေးတွေကိုရောင်းကျတော့မှာပါ။

ဆောင်းရာသီ၏ ညတာများသည် ရှည်လျားတက်သော်လည်း နေ့ရက်များသည် အလွန်မြန်စွာနှင့်ကုန်ဆုံးသွားခဲ့ပြီး မကြာခင်၌ ဆီးနှင်းများ အရည်ပျော်၍ နွေဦးရာသီက စတင်လာလေတော့သည်။

နွေဦးရာသီရဲ့ အစပိုင်းနေ့တစ်နေ့မှာပဲ ပိုင်လီရဲ့အိမ်မှာ လူတွေစည်ကားနေခဲ့ပါတယ်။

ထိုလူတွေကတော့ ပိုင်အိမ်၊ ကျန်းအိမ်နဲ့ ရုံအိမ်ကလူတွေဖြစ်ပြီး သူတို့က လှည်းများပေါ်သို့ သစ်သားမြင်းရုပ်လေးများကို ဝိုင်းဝန်းတင်နေခဲ့ကျပြီး ပိုင်အဖေက...

"ဒုတိယ မင်းဒါတွေကို ဘယ်လိုရောင်းမယ်စိတ်ကူးထားလဲ"

ပိုင်လီက ဒီမေးခွန်းကိုကြားတော့ အသေးလေးတွေကို ဖိနပ်စီးပေးရင်းမှ ပြန်ဖြေလိုက်လေသည်။

"ကျွန်တော်စဥ်းစားထားတာတော့ ဒါက သစ်မာသားတွေမလို့ စျေးနည်းလို့မဖြစ်ဘူးထင်တယ် တစ်ရုပ်ကိုငွေနှစ်ချောင်းက နည်းများနေမလား သုံးချောင်းလောက်ဆိုကောင်းမယ်ထင်တယ်"

ပိုင်လီ၏စကားကြောင့် ပိုင်အဖေတင်မက လှည်းများပေါ်သို့ မြင်းရုပ်များ စီတင်နေသည့် လူများကပါ အလွန်လန့်သွားခဲ့ကျ၏။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWo Geschichten leben. Entdecke jetzt