အပိုင်း (၄၄)

10.5K 1.5K 18
                                    

အပိုင်း (၄၄) မုဆိုးကြီးအား ဒုတိယဇနီးယူရန်တိုက်တွန်းကျခြင်း

"မင်းကဘယ်လိုလုပ် ဒီကိုလာရဲတာလဲ! ဝမ်ရူသေသွားပြီ!! သူသေသွားပြီကွ!! ကျေနပ်ပြီလား! ခွေးကောင် မင်းကျေနပ်တယ်မလား! မင်းကတောနက်ထဲမှာ အသက်အန္တာရယ်ရှိတဲ့ မြွေတွေရှိနေတာသိတာတောင်မှ ငါတို့ကိုသတိမပေးခဲ့ဘူးလေ! မင်းကငါတို့အားလုံးကိုသေစေချင်နေတာမလား!! ဒါမှသာ မင်းရဲ့မုဆိုးအလုပ်ကို လိုက်တုနိုင်တဲ့လူမရှိတော့မှာလေ! ငါပြောတာဟုတ်မလား!!!"

ဒါကိုကြားတော့ ပိုင်လီမျက်ခုံးပင့်လိုက်မိပြီး ကျီထုဆိုသူ၏ သူ့အင်္ကျီကော်လာပေါ်ကလက်ကို အသာဆွဲဖြုတ်ချလိုက်သည်။ အသာဆွဲဖြုတ်ချသည်ဆိုသော်လည်း တစ်ဖက်လူမှာ နည်းနည်းလေးတောင်တင်းထားခြင်းမရှိပဲ ဖြုတ်ချခံလိုက်ရတာဖြစ်၏။

ကျီထုက သူ့လက်သူမယုံကြည်နိုင်ပြန်ကြည့်နေရင်း ပိုင်လီရဲ့လက်က ဘာလို့ဒီလောက်သန်မာနေရတာလဲဟု မတွေးပဲမနေနိုင်ဖြစ်နေခဲ့ကာ သိသာစွာနဲ့ပဲ အရင်ကအပျော်အပါးလိုက်စားပြီး ဘာအလုပ်မှမလုပ်ဖူးတဲ့အတွက် ပိုင်လီရဲ့လက်တွေက သူတို့လိုရွာသားတွေရဲ့ကြမ်းတမ်းတဲ့လက်တွေနဲ့ယှဥ်ရင် သခင်လေးတစ်ယောက်ရဲ့လက်တွေလိုပဲ ဖြစ်နေခဲ့တာလေ။ ဒါတောင် ဘာလို့သူ့လက်ကိုဆွဲဖြုတ်လိုက်တဲ့အချိန်မှာ သူကဘာလို့လုံးဝမရုန်းနိုင်ခဲ့တာလဲ။

ကျီထုက ပိုင်လီ၏လက်များကို လှမ်းကြည့်လိုက်ပြီး တွေးလိုက်သည်မှာ...

ဒီကောင့်ရဲ့ လက်အားက သံတူတွေလိုပဲ!

ပိုင်လီကတော့ သူ့ရှေ့ကလူဘာတွေတွေးနေလဲဆိုတာကိုစိတ်မဝင်စားပါဘူး။ သူက စိတ်မပျော်စွာနဲ့...

"အစ်ကိုဝမ်ဆုံးသွားတဲ့အပေါ် ငါလည်းစိတ်မကောင်းဖြစ်ရပါတယ် ဒါပေမယ့် ငါမင်းတို့ကိုမပြောခဲ့လို့လား! ငါသတိပေးခဲ့တယ် တောထဲမှာ အန္တာရယ်ပေးနိုင်တာက ကြီးမားတဲ့တောကောင်တွေချည်းပဲမဟုတ်ဘူးလို့! ပြီးတော့ မင်းတို့ကို ငါမလိုက်နိုင်ရတဲ့အကြောင်းရင်းကိုရောမပြောခဲ့ဘူးလား ငါက တောနက်ထဲမှာ ငါ့ကိုယ့်ငါပဲကာကွယ်နိုင်စွမ်းရှိတာလို့! ငါ့အတွက်ငါ အန္တာရယ်ကိုကြည့်ရှောင်နေရတဲ့အတွက် တခြားသူတွေကိုဂရုစိုက်နိုင်မှာမဟုတ်ဘူးလို့! အဲဒါကြောင့် ငါမင်းတို့နဲ့လိုက်လာရင်လည်း အန္တာရယ်ကတစ်ခုမဟုတ်တစ်ခုနဲ့ကြုံလာမှာပဲ! အဲတာဆိုရင်လည်း အကြောင်းအမျိုးမျိုးနဲ့ ငါ့ကိုအပြစ်တင်ကျမှာပဲမဟုတ်ဘူးလား! ဒါကြောင့် ငါကပြဿနာကိုရှောင်ကွင်းခဲ့ရုံပဲလေ! အဲဒီအချိန်တုန်းက ငါကတားရင်ရော မင်းတို့ကတောထဲမသွားပဲနေမှာမလို့လား! တားမရမှာကိုသိလို့ ငါမင်းတို့ကို သတိပေးခဲ့တယ်လေ! ဒါတောင်မင်းတို့က ငါ့ကိုအပြစ်လာတင်နေသေးတယ်! မင်းတို့ဘာသာ တောနက်ထဲကိုဇွတ်ဝင်သွားခဲ့တာကိုကျတော့ မေ့နေကျတာပေါ့လေ!"

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now