အပိုင်း (၃၄)

10.7K 1.4K 27
                                    

အပိုင်း (၃၄) မုဆိုးကြီးအိမ်သို့ရောက်ရှိလာတဲ့ မဖိတ်ခေါ်ထားသောဧည့်သည်များ-2

ထို ယန်စန်းဟွားဆိုသောအမျိုးသမီးနှင့် မူလပိုင်လီကတစ်ခါဆုံဖူးသဖြင့် မှတ်ဉာဏ်မှတဆင့်ပိုင်လီကမှတ်မိနိုင်ခဲ့ခြင်းဖြစ်သည်။

"သေစမ်း ဒီမိန်းမကဘယ်လိုလုပ် ဒီအထိရောက်လာရတာလဲ"

ထိုသို့ ခပ်တိုးတိုးရေရွတ်လိုက်သော်လည်း ယခင်ထဲကပိုင်လီက အသေးလေးများရဲ့စာချုပ်ကိစ္စကလွယ်လွယ်နှင့်မပြီးသွားလောက်သည်ကို ခန့်မှန်းထားပြီးသားဖြစ်ပြီး ဤသို့အိမ်ထိလိုက်လာမည်ဟုမထင်ခဲ့ရုံသာဖြစ်၏။ သူထင်တာက ဟွမ်ဟွာကလူတွေက သူ့ကိုတိတ်တဆိတ်ခေါ်တွေ့ပြီး အသေးလေးတွေကိုထပ်ဝယ်လောက်တယ်လို့ပဲလေ။ အခုလိုအိမ်အထိရောက်လာဖို့တော့ တကယ်မမျှော်လင့်ခဲ့ဘူးပေါ့။

ပိုင်အမေသည် ယခင်ကပိုင်လီကပြဘ့်တန်ဆာအိမ်တွေမှာအကြွေးယူယူလာ၍ ပြည့်တန်ဆန်အိမ်ကလူတွေ ပိုင်အိမ်၏တံခါးကိုလာခေါက်သည်များနှင့်ကြုံဖူးသဖြင့် ထိုလောကကအမျိုးသမီးများ၏ဝတ်စားဆင်ယင်ပုံနှင့် စိမ်းသက်မနေပါ။ သူမရှေ့က ပိုင်လီနှင့်တွေ့ရန်သာလာသည်ဟု ပြောနေသောအမျိုးသမီးသည် သူမယခင်တွေ့ခဲ့ဖူးသည် ထိုပြည့်တန်ဆာအိမ်ကလူများထက်ပိုအဆင့်မြင့်ပုံရသော်လည်း သူတို့တွေကအတူတူပဲဟုသူမတော့ထင်နေမိသည်။

အဲဒီအချိန်မှာ ပိုင်အမေကအလွန်စိတ်တိုလျက်ရှိတယ်။ သူမထင်တာက ပိုင်လီကပြည့်တန်ဆာအိမ်တွေကိုခိုးသွားပြန်ပြီး ဒီအမျိုးသမီးကအကြွေးလာတောင်းတယ်လို့ပေါ့။

ရှောင်ဟန်သည်လည်း အနည်းငယ်ဇဝေဇဝါဖြစ်ကာ ဝတ်ကောင်းစားလှများ ဝတ်ထားသောအမျိုးသမီးအား ငေးကြည့်နေမိသည်။ သူ့ရှေ့ကအမျိုးသမီးက ပိုင်လီထက် အနည်းငယ်အသက်ကြီးလောက်ပေမယ့် သူမကချောမောလှပပြီး သူမရဲ့အသားရည်ဟာဆိုရင်လည်း ကျောက်စိမ်းဖြူလိုဖွေးဥကာ အရမ်းလည်းနူးညံ့ပုံရ၏။ တကယ်တော့ ပိုင်လီက ပြည့်တန်ဆာအိမ်တွေကသဘောကျတာက အရမ်းမှားယွင်းနေတာတော့မဟုတ်ပါဘူး။ အဲဒီကအမျိုးသမီးတွေက အရမ်းလှပြီး၊ပန်းလေးတွေလိုနူးညံ့ကျတယ်လေ။ ဒါက သူတို့လိုလယ်သမားတွေက ယှဥ်နိူင်တဲ့အရာဘယ်ဟုတ်ပါ့မလဲ။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now