အပိုင်း (၈၇)

10K 1.2K 28
                                    

အပိုင်း (၈၇) မုဆိုးကြီး၏ဇနီးက မိသားစုအတွက်လက်ဆောင်များကိုပေးအပ်ခြင်း

စုရှီက အခုချိန်မှာ အရမ်းကို သတိထားနေနေပြီးတော့ သူက အရင်လိုမဟုတ်ဘဲ အိမ်အလုပ်တွေကိုလည်း ကူလုပ်နေပါတယ်။ ပြီးတော့သူက ကျိုးရှီဆီကိုတောင် အကြာကြီးသွားမလည်ရဲတဲ့အထိ သတိအပြည့်နဲ့နေနေပြီး ပိုင်မိသားစုက သူ့ကိုပါ အမြင်မကြည်မဖြစ်ဖို့အတွက် ရုန်းကန်နေခဲ့ရတယ်။

ဒီနေ့ မိသားစုက မနက်စာစားအပြီးမှာ စုရှီက မီးဖိုးချောင်သန့်ရှင်းရေးလုပ်ဖို့ တာဝန်ယူခဲ့ပြီး ပိုင်အမေကအရင်တုန်းကလိုဆိုရင်တော့ သူ့ကို ကိုယ်ဝန်နဲ့မလို့ ဒီလိုမျိူးတွေ လုပ်ခိုင်းမှာမဟုတ်ပေမယ့် အခုတော့ သူမကချွေးမတွေကို အရမ်းအလိုမလိုက်ဖို့ ဆုံးဖြတ်ထားခဲ့ပြီး စုရှီက မီးဖိုချောင်သန့်ရှင်းရေးလုပ်တာကို မတားမြစ်ခဲ့တော့ပါဘူး။

ဒါ့ကြောင့် မီးဖိုချောင်ကို သန့်ရှင်းရေးလုပ်ပြီး ထွက်လာတဲ့စုရှီက ရှောင်ဟန်တို့ရောက်နေတာကို လှမ်းမြင်သွားပြီးနောက် သူက အနားအပြေးရောက်လာပါတော့တယ်။

ဘာလို့လည်းဆိုတော့ သူက ရှောင်ဟန်နဲ့အပေါင်းသင်းဖွဲ့ဖို့ပဲလေ။ ကျိုးရှီက အခု ပိုင်မိသားစုမဝင်တော့ ပိုင်အိမ်မှာ ချွေးမတွေအနေနဲ့ ရှောင်ရှီ(ရှောင်ဟန်)နဲ့သူပဲ ကျန်တော့တာမလား။ ထပ်ပြီး ပိုင်လီကအရမ်းသာလာလို့ သူက ရှောင်ဟန်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးကို တည်ဆောက်တာက မကောင်းတာမှမဟုတ်တာပဲ။

သို့သော် သူအနားရောက်သွားချိန်တွင် ပိုင်အမေနှင့်ပိုင်မိန်က ပန်းထိုးဖိနပ်များ ကိုင်ထားသည်ကိုတွေ့ခဲ့ရပြီး ဒါက ရှောင်ဟန်တို့လာပေးတာဆိုတာကို စုရှီကတန်းသိနိုင်ခဲ့သည်။

အရင်လိုဆိုရင်တော့ ဒီမှာကျိုးရှီလည်းရှိနေရင် သူနဲ့ကျိုးရှီက သူတို့အတွက်မပါလို့ စကားပြောဖြစ်ဦးမှာပေမယ့် အခုတော့ စုရှီကမလုပ်ရဲတော့ပါဘူး။ သူက လောဘစိတ်တွေကိုထိန်းပြီး ဖိနပ်တွေရဲ့ကောင်းမွန်မှုကိုသာချီးကျူးပေးခဲ့ရသည်။

"ရှောင်ရှီတို့ရောက်နေတာမြင်လို့ လာလိုက်တာ မှန်သွားပြီထင်တယ် ကြည့်ရတာ ဒုတိယအကိုရဲ့မိသားစုက အမေတို့အတွက် ပန်းထိုးဖိနပ်တွေ လက်ဆောင်လာပေးတာပဲဖြစ်ရမယ် ဟုတ်တယ်မလား ကြည့်ပါဦး ဖိနပ်တွေကအရမ်းလှတာပဲ အရောင်တွေရော ပန်းထိုးလက်ရာတွေရောက အရမ်းကောင်းတာပဲနော်"

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now