လဲ့ရှီနှင့်ရှောင်အိမ်၏အရှက်မဲ့မှု

10.6K 1.4K 25
                                    

အပိုင်း (၂၂) လဲ့ရှီနှင့်ရှောင်အိမ်၏အရှက်မဲ့မှု

"သားမက်ပိုင်! ငါတံခါးဝကနေမသဲမကွဲကြားခဲ့တာ မင်းကရုံမိသားစုကိုသံသယမရှိဘူးတဲ့လား! ဒါဆိုမင်းက မင်းရဲ့ယောက္ခမတွေကို သံသယရှိနေတယ်လို့ပြောချင်တာလား!! ငါတို့ကရှောင်ဟန်ရဲ့မိသားစုဖြစ်ပြီး ရှောင်ဖူနဲ့ရှောင်ဝူလေးတို့ရဲ့အဖိုးနဲ့အဖွားတော်စပ်သူတွေပါ မင်းဘယ်လိုလုပ်ပြီးများ တံခါးဘေးကသူခိုးတွေကိုကာကွယ်ပေးပြီး မင်းရဲ့မိသားစုတွေကိုစွပ်စွဲရက်ရတာလဲ!!!"

လဲ့ရှီ၏အသံကအရမ်းစူးလွန်းပြီး ပိုင်လီလှမ်းကြည့်လိုက်တော့ လဲ့ရှီနောက်မှာ ရှောင်မိသားစုဝင်တွေပါ ပါလာကြောင်းတွေ့ခဲ့ရ၏။

ပိုင်လီက ဒီစကားတွေကြားလိုက်ရချိန်မှာ စိတ်မပျက်ပဲမနေနိုင်ပေ။ မူလထဲက သူကလဲ့ရှီနဲ့ရှောင်အိမ်က ရှောင်ဟန်အပေါ်မကောင်းလို့ သူတို့အပေါ်အမြင်ကောင်းတွေမရှိတာကို အခုသူတို့က သူ့ပစ္စည်းတွေခိုးပြီး ဝန်မခံချင်တဲ့အပြင် ပြဿနာပါလာရှာရဲသေးတယ်ပေါ့လေ။

ဒီကိစ္စတွင် ပိုင်လီက သူ၏အိမ်ကမလုံခြုံလို့ဆိုတဲ့လိုအပ်ချက်လည်းပါ၍ ပြဿနာလည်းမကြီးချင်တော့သောကြောင့် ဒီတိုင်းကျော်သွားချင်ခဲ့သော်လည်း လဲ့ရှီနဲ့ရှောင်မိသားစုက မျက်နှာပြောင်တိုက်ကာ လာရဲဦးမည်ဟုမထင်ခဲ့ပေ။

ပိုင်လီ၏စရိုက်နှင့်အကျင့်သည် ရိုးရှင်းပြီး သူကဘဝကိုပျော်ပျော်သာဖြတ်သန်းချင်သူဖြစ်ကာ ဒေါသလည်းထွက်ခဲသည်။ သို့သော် ဒီလိုလူမျိုးတွင်ဆိုရင်တောင်မှ ခြွင်းချက်တွေရှိပါသေး၏။ ပိုင်လီအတွက် သည်းမခံနိုင်ဆုံးအရာတွေထဲကတစ်ခုက သူ့အပိုင်တွေကို သူမသိအောင်ယူတာပါပဲ။

ပိုင်လီက ဒီကိစ္စကိုတကယ်ပဲကျော်သွားချင်ခဲ့ပေမယ့် လဲ့ရှီနဲ့ရှောင်မိသားစုက ပြဿနာလာရှာတဲ့အခါ သူ့အတွေးတွေပြောင်းသွားခဲ့သည်။ မင်းကခိုးပြီးသွားရင်လည်း ပေါ်မလာပဲပုန်းနေသင့်ပေမယ့် ပိုင်ရှင်ရှေ့ မခံချင်အောင်မျက်နှာလာပြနေရင်တော့ ဘယ်သူမဆိုစိတ်တိုမှာပဲလေ။ ဒါက ငွေလေးငါးချောင်းလေးပါပဲ။ ပိုင်လီက ငွေချောင်းထောင်ကျော်ကိုတောင် ရက်အနည်းအတွင်းမျက်တောင်မခက်ပဲ သုံးခဲ့တဲ့သူဖြစ်လို့ ဒီငွေချောင်းလေးတွေအတွက် သိပ်အများကြီးခံစားနေရမှာမဟုတ်ပါဘူး။ ဒါပေမယ့် ဒီလိုဆိုတိုင်း ဒီလူတွေသူ့ရှေ့ပေါ်လာတာကို ကြည့်နေနိုင်မယ်လို့မဆိုလိုဘူးလေ။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now