ပိုင်အမေ၏ အရိပ်အမွတ်

5.3K 726 11
                                    

အပိုင်း (၁၄၆) ပိုင်အမေ၏အရိပ်မွတ်

ပိုင်လီက ရှောင်ဟန် စိတ်ပူနေတာတွေ့တော့ ...

"အရမ်းမစိုးပါနဲ့ သူမက ဒီတိုင်း အကြံများတဲ့အမျိုးသမီးတစ်ယောက်ပါပဲ သူမက ဘယ်လောက်များ ဉာဏ်များနိုင်မှာမလို့လဲ"

ထို့နောက် ပိုင်လီက ရှောင်ဟန်အတွက် ရေနွေးတစ်ခွက်ငှဲ့ကာ လှမ်းပေးလိုက်ရင်း ထပ်ပြောလိုက်သေး၏။

"ကိုယ်စိတ်ပူတာက မင်းရဲ့အဖေပါ မင်းသူ့ကိုဘယ်လိုထင်လဲ"

ရှောင်ဟန်၏ ဖခင်အရင်း ရှောင်လျိုသည် လဲ့ရှီ၏ ကြိုးဆွဲရာကနေရသည့် ရုပ်သေးရုပ်တစ်ရုပ်လိုပင် ဖြစ်နေခဲ့သည်။ ပိုင်လီက ရှောင်ဟန် သူ့ဖခင်အပေါ် ဘယ်လိုသဘောထားမလဲဆိုတာကို ထည့်မတွေးလို့မရပါဘူး။ နောက်ဆုံးမှာတော့ သူတို့က သွေးသားအရင်းတွေပဲလေ။ ပြောရရင် ရှောင်လျိုက ပိုင်လီရဲ့ယောက္ခထီး အရင်းကြီးပဲ။ ဒီတော့ ရှောင်ဟန်သာ သူ့ဖခင်အပေါ် တွယ်တာစိတ် အနည်းငယ်ရှိနေသေးမယ်ဆိုရင် ပိုင်လီက ရှောင်မိသားစုနဲ့ မလွဲမရှောင်သာ တွေ့တဲ့အခါမျိုးမှာ သူ့ယောက္ခထီးကြီးရဲ့မျက်နှာကို ထည့်သွင်းစဥ်းစားဖို့လိုလာမှာပါ။

ဒါကိုကြားတော့ ရှောင်ဟန်က ရေနွေးပန်ကန်ကို ငုံ့ကြည့်ရင်း ပြုံးလာလေသည်။ သို့သော် ထိုအပြုံး၌ အသက်မပါခဲ့ဘဲ သူပြောလာတာက...

"သူက ဘယ်တော့မှ ကျွန်တော့်ကို တကယ်သဘောကျလာမှာမဟုတ်ဘူး"

ရှောင်လျိုက ရှောင်ဟန်ကို ဘယ်တုန်းကမှ သားတစ်ယောက်အနေနဲ့ သဘောမကျခဲ့သလို နောင်တွင်လည်း စိတ်ရင်းဖြင့် သဘောကျလာနိုင်လိမ့်မည်မဟုတ်ပါချေ။

ပိုင်လီက ခေတ်သစ်က လာသည့်လူတစ်ယောက်ဖြစ်ပြီး သူကိုယ်တိုင်ကလည်း ကောင်းမွန်တဲ့မိဘတွေနဲ့ကြုံတွေ့ခဲ့ရတာမဟုတ်တော့ ဒီခေတ်လို ရှေးရိုးစွဲတဲ့အတွေးတွေနဲ့ မိဘတွေဘာလုပ်လုပ် မိဘတွေကသာအမှန်ပဲဆိုတာကို လက်ခံအားပေးလိမ့်မှာ မဟုတ်ပါဘူး။

ဒါကြောင့်ပဲ သူက သူ့ဇနီးလေးခေါင်းလေးကို ပုတ်လိုက်၍ ပေါ့ပေါ့ပါးပါးဖြင့်သာ ...

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝDär berättelser lever. Upptäck nu