အပိုင်း (၃၅)

11.1K 1.5K 25
                                    

အပိုင်း (၃၅) မုဆိုးကြီးအိမ်သို့ရောက်ရှိလာတဲ့ မဖိတ်ခေါ်ထားသောဧည့်သည်များ -3

"မဖြစ်နိုင်တာ! ကျုပ်ကကျုပ်အိမ်က ကောလေးတွေကိုဒီလောက်ချစ်တာ ဘယ်တုန်းကရောင်းဖူးလို့လဲ! ခင်ဗျားတို့ပြဿနာလာရှာနေတာလား!"

ပိုင်အမေနှင့် တခြားလူများသည် အဝေးကနေကြည့်နေတာဖြစ်သော်လည်း  နားစွင့်နေကျတာဖြစ်ပြီး ပိုင်လီ၏အသံမြင့်သွားသောအခါတွင် ထိုစကားများကိုကြားလိုက်ကျရသည်။

ကလေးတွေကိုရောင်းတယ်?

ဒီစကားက လူတွေကိုထိတ်လန့်စေပြီး ပိုင်အမေသည်ချက်ခြင်း ပြေးမသွားဘဲမနေနိုင်ပေ။

"ဒုတိယ! မင်းဘာပြောလ်ိုက်တာလဲ ကလေးတွေရောင်းတယ် ဟုတ်လား! ဘယ်သူက ဘယ်ကလေးတွေကိုရောင်းတာလဲ"

ယန်စန်းဟွားနှင့် အမျိုးသမီချန်းသည် တိုးတိုးတိတ်တိတ်ပြောနေရာမှ ပိုင်လီကရုတ်တရက်ထအော်လာလိမ့်မည်ဟုမထင်ထားခဲ့ရာ သူတို့ပင်လန့်၍သွားခဲ့သည်။ အဲဒီအချိန်မှာ သူတို့ကမစဥ်းစားပဲမနေနိုင်ခဲ့ဘူး။ ဒီပိုင်လီဆိုတဲ့ လူကဘာဖြစ်ချင်နေတာလဲ?

ပိုင်လီက ထိုအမျိုးသမီးတွေ ပိုင်အမေကိုဘာမှမပြောနိုင်ခင်မှာပင် ဦးအောင်ပြောခဲ့ပြီး....

"အမေ ဒီမိန်းမတွေကိုနှင်သာထုတ်လိုက်စမ်းပါ! သူတို့ကကျွန်တော်က အသေးလေးတွေကို သူတို့ကိုရောင်းထားပါတယ်ဆိုပြီး မဟုတ်တာတွေလာပြောနေကျတာ! ကလေးတွေကိုလည်းခေါ်သွားချင်နေကျတယ်!!"

ပိုင်လီ၏အသံကနှိမ့်ချထားခြင်းမရှိသဖြင့် သူ့အိမ်တွင်ရှိနေသောလူများအားလုံးက ရှင်းရှင်းလင်းလင်းကိုကြားလိုက်ကျရသည်။ လူတွေက ချက်ခြင်းပဲသူတို့အနားကိုဝိုင်းအုံလာခဲ့ကျပြီး သူတို့ရွာသားဖြစ်တဲ့ပိုင်လီဘက်ကရပ်တည်ဖို့ဆုံးဖြတ်ခဲ့ကျ၏။ သူတို့တွေက ယခင်ကပိုင်လီလုပ်ခဲ့တာတွေကြောင့် သံသယတွေရှိနေပေမယ့် ပိုင်လီပြောတဲ့ ဒီမိန်းမတွေကမဟုတ်တာတွေပြောနေတာဆိုတဲ့စကားကိုသာ ပိုယုံကြည်ခဲ့ကျပါတယ်။

ရွာသားတွေက ထိုလူတွေက ကလေးတွေကိုအတင်းခေါ်သွားမှာကိုလည်းကြောက်တာကြောင့် ဝိုင်းအုံလာခဲ့တာဖြစ်ပြီး ပိုင်လီအိမ်သို့ရောက်လာသည့်လူများက အမျိုးသမီးနှစ်ယောက်တင်မကပဲ ၎င်းတို့၏နောက်လိုက်ဖြစ်ဟန်တူသော လူသုံးလေးယောက်လည်းပါလာသေးတယ်လေ။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now