အပိုင်း (၄၈)

10.4K 1.3K 25
                                    

အပိုင်း (၄၈) မုဆိုးကြီးအား ဒုတိယဇနီးယူရန်တိုက်တွန်းကျခြင်း -5

ဝမ်မိသားစုကလည်း ဝမ်လေကဲ့သို့ပင်တွေးနေတာဖြစ်သည်။

သူတို့မိသားစုရဲ့အားထားရတဲ့လူမရှိတော့ပဲ အဲတာကလည်း ဝမ်ရူက ပိုင်လီကိုအားကျတာကြောင့် ဖြစ်သွားခဲ့ရတာပါပဲ။

ဝမ်ရူက ပိုင်လီရဲ့ငွေရှာနိုင်မှုကို အားကျခဲ့တယ်။ သူသာ ပိုင်လီလိုမျိုး တစ်ခါလောက်ပဲငွေရှာနိုင်ရင်တောင် သူ့မိသားစုရဲ့ဆုံးရှုံးသွားတဲ့ မြေကွက်တွေပြန်ဝယ်နိုင်မယ်ဆိုတဲ့လောဘနဲ့ ကြိုးစားကြည့်ခဲ့တာဖြစ်သော်လည်း ရလဒ်မှာမူ အလွန်စိတ်မချမ်းမြေ့ဖွယ်ဖြစ်ခဲ့ရသည်။

ဒီအတွက် ပိုင်လီက သူ့မှာအပြစ်မရှိဘူးလို့ပြောဝံ့သလား။ အကယ်၍ ပိုင်လီသာ ရွာသားတွေရှေ့မှာ သူ့ရဲ့ဝင်ငွေတွေကို မြင်သာအောင်ပြမနေခဲ့ရင် ရွာသားတွေကအားကျလာမှာလား။ အဲတာဆို သူတို့ရဲ့သား ဝမ်ရူကလည်း သေရမှာမလို့လား။

အကယ်၍ ပိုင်လီက ထိုနေ့က ဝမ်ရူတို့နဲ့အတူ တောထဲလိုက်သွားခဲ့ရင်ရော သူတို့ရဲ့သားဝမ်ရူက ခုချိန်မှာအသက်ရှင်နေတာ ဖြစ်နိုင်လောက်တယ်မလား။ ဒီလိုမျိုး ပိုင်လီနဲ့ချည်း ဖြစ်နိုင်ချေတွေက ပတ်သက်နေတာကို ပိုင်လီက သူ့မှာအပြစ်မရှိပါဘူးလို့ ပြောရဲလို့လား။

ဝမ်မိသားစုက သူတို့သားကို သွယ်ဝိုက်သေစေခဲ့တဲ့ ပိုင်လီကို တကယ်မုန်းတယ်။ ဒါပေမယ့် ဒါကဥပဒေတွေနဲ့လည်း ပိုင်လီကိုအပြစ်မပေးနိုင်တဲ့အခါ သူတို့က ပိုင်လီကိုလည်း လွှတ်မပေးနိုင်တာကြောင့် သူတို့ရဲ့သားကို ပိုင်လီအိမ်ထဲဝင်စေပြီး ပိုင်လီဆီကအကျိုးမြတ်တွေ ညှစ်ထုတ်ဖို့ပဲကြံနိုင်တော့တယ်။

မတတ်နိုင်ဘူးလေ သူတို့မိသားစုရဲ့အားကိုးနေရတဲ့သားက မရှိတော့ဘူးဆိုတော့ ဒါက ပိုင်လီကြောင့်ဆိုရင် ပိုင်လီက သူတို့မိသားစုကိုတာဝန်ယူပေးရမှာပဲမဟုတ်ဘူးလား။ ဒါကသူတို့အပြစ်မဟုတ်ဘူး။ ပိုင်လီရဲ့သွယ်ဝိုက်တဲ့အပြစ်ကို သွယ်ဝိုက်တဲ့နည်းနဲ့ပေးဆပ်တဲ့နည်းပဲ။

ဒါပေမယ့် ချီနင်(ဝမ်အမေ)က ဒီအတွက် သူမရဲ့မိတ်ဆွေ အောင်သွယ်တော်အမျိုးသမီးလျန်နဲ့ သေချာတိုင်ပင်ခဲ့ပြီး နောက်ဆုံးမှာ အမျိုးသမီးလျန်ကသာ နှစ်အိမ်ကြား မင်္ဂလာကိစ္စကို စကားပြောဖို့ ဆုံးဖြတ်ခဲ့ကျသည်။ ချီနင်ကတော့ သိပ်ဝင်မပြောဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဘာလို့လည်းဆိုတော့ သူမရဲ့သားကသေတာမကြာသေးဘဲ သူကတရားခံနဲ့စကားပြောမိရင် သေလောက်အောင်ဒေါသထွက်လာပြီး မင်္ဂလာကိစ္စကိုဖြတ်မိသွားမှာ စိုးရိမ်လို့ပါပဲ။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now