မိသားစုအတွက် လက်ဆောင်တွေ ဝယ် ဝယ် ဝယ်

11K 1.4K 26
                                    

အပိုင်း (၅၈) မိသားစုအတွက်လက်ဆောင်တွေ ဝယ် ဝယ် ဝယ်

ပိုင်လီက ဒါ​ကိုကြားတော့ ရယ်ရခက်၊ငိုရခက်ပင်။ သူက ချောင်ချင်းချင်းကို ကြည့်လိုက်ပြီး...

"ချင်းချင်းရေ ဦးဦးက အပင်လေးကို သမီးမိဘတွေကိုလက်ဆောင်ပေးလိုက်ပြီးသားလေ ဦးဦးက ဘာမှပြောလို့မရတော့ဘူးလေ"

ချောင်ချင်းချင်းကတော့ ဒါကိုလက်မခံချင်ပါဘူး။ သူမလေးက...

"ဒါပေမယ့် အဲတာက ဦးဦးရဲ့အပင်လေ ဦးဦးပြန်တောင်းပေးလို့ရတယ်လေ"

ဟုန်ရင်းက သူမသမီးအငယ်ဆုံးက ပိုင်လီကိုအခက်တွေ့အောင်လုပ်နေတာကို မြင်နေရသဖြင့် သူမကချောင်ချင်းချင်းရဲ့ပါးလေးကိုဖဲ့လိုက်ပြီး...

"မင်းက ဦးဦးပိုင်ကို အခက်တွေ့အောင်လုပ်နေတာပဲ"

ပိုင်လီက မုန့်ကိုကိုင်ပြီး ငိုနေတဲ့ကလေးမကို ကြည့်ကာ...

"ချင်းချင်း သမီးကဘာလို့ ပန်းပင်ကိုမြို့တော်ကို မပို့စေချင်တာလဲ အဲတာက ချင်းချင်းရဲ့မမအတွက်ပဲလေ ချင်းချင်းက မမကိုမပေးချင်လို့လား"

ဒါကိုကြားတော့ ချောင်ချင်းချင်းက သူမလေးကိုင်ထားတဲ့မုန့်လေးကိုချေနေကာ မျက်နှာလေးကဆူပုတ်နေပြီး ပြောလို့လာ၏။

"ချင်းချင်းက မမကိုမပေးချင်တာမဟုတ်ပါဘူး ဒါပေမယ့် မြို့တော်ကိုပို့ပြီးသွားရင် ချင်းချင်းက အပင်လေးကို တွေ့ချင်တာတောင်မတွေ့ရတော့ဘူးလေ"

မြို့တော်နှင့်ဆိပ်ကမ်းမြို့သည် မြင်းလှည်းနှင့်ပင် လဝက်လောက်သွားရသည်ထိ ဝေးကွာလှသည်။ ဒါကြောင့် ခဏခဏကူးသန်းနေဖို့ဆိုတာ တကယ်ကိုမလွယ်ပါဘူး။ ပိုင်လီက ကလေးမလေးရဲ့အကြောင်းပြချက်ကိုကြားတော့ ပြုံးလိုက်ပြီး...

"ဒါဆို ချင်းချင်းက ဦးဦးပိုင်တို့အိမ်ကို အလည်လာပြီး လာကြည့်လို့ရတယ်လေ ဦးဦးတို့အိမ်မှာလည်း ဒီလိုအပင်လေးရှိတယ်"

ဒါကိုကြားတော့ ချောင်ချင်းချင်းက ပိုင်လီကိုမော့ကြည့်လာ၏။ သူမလေးက အံသြနေပုံနှင့်...

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now