အပိုင်း (၂၆)

11.3K 1.4K 21
                                    

အပိုင်း (၂၆) ရုံးတော်၏စီရင်ချက် -4

"ဒီရွာသားပြောခဲ့တာက ပစ္စည်းတွေထဲက ဆန်ချော၊ဆားနဲ့သကြားအပြင် တခြားပစ္စည်းတချို့ကို ဆိုင်ရှင်ဖန်းယုရဲ့ဆိုင်ကနေဝယ်ခဲ့တာပါလို့ပြောခဲ့ပါတယ် လူကြီးမင်း ဒီရွာသားဝယ်ခဲ့တဲ့ ဆိုင်က မြို့လေးကဆိုင်ပေမယ့် ထိုဆိုင်ရှင်ဖန်းယုဟာ ဆိပ်ကမ်းမြို့က ကုန်သည်ကြီးဖန်းရဲ့သားတစ်ယောက်ပါ ဒါကြောင့် သူ့ဆိုင်ကရောင်းတဲ့ပစ္စည်းတိုင်းမှာ ဖန်းမိသားစုရဲ့ ကိုယ်ပိုင်အမှတ်သားများ ပါရှိနေပါတယ် ဒါကြောင့် ဒီရွာသားက ရှောင်အိမ်ရဲ့ပစ္စည်းတွေမှာ ဖန်းမိသားစုရဲ့ အမှတ်သားများရှိမရှိကို စစ်ဆေးပေးဖို့တောင်းဆိုချင်ပါတယ် "

ထိုစကားများထွက်လာပြီး နေရာရှိလူတိုင်းခေတ္တမျှတိတ်ဆိတ်သွားခဲ့ကျလေသည်။ တရားသူကြီးဝမ်လီက ပိုင်လီရဲ့ထိုတောင်းဆိုချက်ကိုကြားတော့ ရှောင်အိမ်ကလူများနှင့် ဆိုင်ရှင်လျိုကို ချက်ခြင်းကြည့်လိုက်မိပြီး ထိုလူများက လုံးဝမယုံနိုင်ဟန်ဖြင့် ပိုင်လီအားကြည့်နေသည်ကိုသာတွေ့လိုက်ရ၏။

တကယ်တော့ ဖန်းယုသည် ကုန်သည်ကြီးဖန်း၏ ကိုယ်လုပ်တော်ဖွားသားတစ်ယောက်ဖြစ်ကာ သိသူသိပ်မရှိလှပဲ ပိုင်လီသိနေရသည့်အကြောင်းမှာ မူလပိုင်လီ၏ မှတ်ဉာဏ်ထဲတွင် ထိုဆိုင်ရှင်ဖန်းယုက လောင်းကစားရုံသို့မကြာခဏလာတတ်ကြောင်း တွေ့ခဲ့ရလို့ပါပဲ။ သူတို့နှစ်ဦးက သိကျွမ်းခြင်းမရှိသည့်တိုင် အချင်းချင်းမြင်ဖူးကျကာ မူလပိုင်လီက ဘေးလူများထံမှာ ထိုလူဟာ ကုန်သည်ကြီးဖန်း၏ သားတစ်ယောက်ဖြစ်ကြောင်း ပြောတာကြားဖူးခဲ့သည်။ ပိုင်လီက ဒီလိုမျိုးအရေးမပါတဲ့မှတ်ဉာဏ်အတိုစလေးတွေက ဒီနေရာမှာအသုံးဝင်လာမယ်လို့ တကယ်မထင်ထားခဲ့ပဲ သူဖန်းယု၏ဆိုင်သို့ဝယ်မိသည်မှာ တိုက်ဆိုင်မှုသာဖြစ်ခဲ့ခြင်းပင်။ ပိုင်လီက အမျိုးစားအစုံရခြင်းနဲ့ အရည်သွေးကောင်းမွန်မှုတွေကို ဦးစားပေးတာကြောင့် သူကဆိုင်ကြီးများတွင်သာ ဝယ်ယူတက်ပြီး ဖန်းယု၏ဆိုင်မှာ မြို့ငယ်လေးတွင်အတော်သင့်အမျိုးစားစုံသည့် ဆိုင်ကြီးဖြစ်နေသဖြင့် ထိုဆိုင်ကိုဝင်ဝယ်မိခဲ့သည်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now