အပိုင်း (၇၅)

10.1K 1.3K 19
                                    

အပိုင်း (၇၅)မုဆိုးကြီးက ကျိုးရှီမှာအပြစ်ရှိကြောင်းဖော်ထုတ် -2

ပိုင်စန်းက မရီးဖြစ်တဲ့ကျိုးရှီစကားထက် သူ့ရဲ့ဒုတိယအကိုစကားကိုပဲ နားထောင်ကာ သူက အိမ်မှာအဆင်သင့်ရှိနေသေးတဲ့လှည်းကို အလျှင်မြန်ပြင်တော့လေသည်။

ပိုင်လီအိမ်မှာ လှည်းနှစ်စီးနဲ့ နွားနှစ်ကောင်ရှိနေပြီး ငှားထားတာတွေကို ပြန်မပေးရသေးတာဖြစ်လို့ ရှောင်ဟန်တို့ တစ်စီးယူသွားရင်တောင် တစ်စီးကအဆင်သင့်ရှိနေတုန်းပင်ဖြစ်လို့ အလွယ်လေးယူသွားနိုင်၏။

ကျိုးရှီက ဒါကိုမြင်တော့ ဘယ်လိုလုပ်ခွင့်ပြုနိုင်ပါ့မလဲ။

သူမက အရူးလို ပိုင်စန်းရဲ့ရှေ့မှာ ဝင်ဝင်တားနေတာက အလုပ်မဖြစ်တာတွေတော့ သင့်တော်၏မတော်၏ကို မတွေးတော့ပဲ ပိုင်စန်းကို မသွားစေရန် လက်ကိုဆွဲထားကာ မသွားရဘူးဟူသည့်စကားအား ထပ်ကာထပ်ကာ အော်ဟစ်နေခဲ့တော့သည်။

ကျိုးရှီက အခု တကယ်ကို ရူးနေချင်ပြီး သူမတကယ်ရူးသွားပါက ဤအခြေနေမှ လွတ်နိုင်ကောင်းလွှတ်နိုင်၍ တကယ်ရူးမသွားတဲ့အပေါ်မှာပဲ မုန်းတီးနေမိ၏။

သူမနဲ့ သူမမိသားစုတွေးထားတုန်းက ဒီအခြေနေထိမပါခဲ့ဘူး။ ဒါက တောထဲကရလာတဲ့ ပန်းပင်လေးပဲလေ။ ပိုင်မိသားစုက ဒီပန်းပင်ရဲ့တန်ဖိုးအမှန်ကို ဘယ်လိုလုပ်သိနိုင်မှာလဲ။ ဒါကြောင့် ရွှေတစ်ချောင်းကို ကျေနပ်ပြီး ပျော်နေသင့်ကာ သူမမိသားစုကလည်း ရွှေကိုးဆယ့်ကိုးချောင်းအကူညီဖြင့် လယ်သူဌေးမိသားစုဖြစ်လာလိမ့်မည်။

သူမမိသားစုချမ်းသာလာတာနဲ့ သူမလည်းပိုကောင်းမွန်လာမှာပဲလေ။ ဒါကြောင့် သူမက သူမအကိုတွေရဲ့အကြံကို လက်ခံလိုက်တာ ဘာမှားလို့လဲ။ပိုင်မိသားစုကမှ အဖြစ်မှန်ကို မသိနိုင်တာ။

ရွှေတစ်ချောင်းက တကယ်တော့ မနည်းပါဘူး ဟုတ်တယ်မလား။ ပိုင်မိသားစုက ဒါနဲ့ လယ်ကွက်တွေအများကြီး ဝယ်လို့ရတယ်လေ။ သူတို့အိမ်မှာ ဒီတိုင်းထားရင် ဘာမှဖြစ်လာမှာမဟုတ်တဲ့ ပန်းပင်ကနေ သူမတို့လုပ်ပေးလို့ ရွှေတစ်ချောင်းရတာလေ။ သူတို့သာဆို ဒီတိုင်းနေပြီး ရလာပါမလား။ သူမတို့က ရွှေချောင်းကိုးဆယ့်ကိုးဆယ့်ချောင်းကို ယူတော့လည်း ဘာဖြစ်လဲ။ သူမတို့ကြောင့်သာ ပန်းပင်က ငွေအဖြစ်ပြောင်းလဲသွားတာလေ။ ပိုင်မိသားစုလို သာဆို ပန်းပင်က အဖိုးတန်မှန်းတောင် သိမှာမဟုတ်ဘူးမလား။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now