အပိုင်း (၃၇) ချောင်ရန်၏အလည်ပတ်ရောက်ရှိလာမှု

11.6K 1.4K 33
                                    

အပိုင်း (၃၇) ချောင်ရန်၏အလည်ပတ်ရောက်ရှိလာမှု

အစက ယန်စန်းဟွားသည် ပိုင်အမေအား ပိုင်လီက ကလေးတွေကိုတကယ်လာရောင်းခဲ့ကြောင်း၊ စာချုပ်များကအခိုးခံရတာသာဖြစ်ကြောင့် ပြန်အော်ဟစ်တော့မည်ဖြစ်သော်လည်း ရုတ်တရက်လူတစ်ယောက်ရောက်လာသောအခါ ရပ်တန့်သွားခဲ့ရသည်။

ချောင်ရန်ကတော့ ဘာမှကိုမသိသေးပါဘူး။ သူကမြို့လေးကိုအလုပ်ကိစ္စနဲ့ရောက်လာပြီး ပိုင်လီရဲ့ရွာနဲ့မဝေးတော့ဘူးလို့ကြားတာနဲ့ လာခဲ့ပေမယ့် အိမ်မသိတာကြောင့် ရွာထဲမှာ ဟိုမေး၊ဒီမေးနဲ့လာခဲ့ရကာ နန်ချောင်းရွာသားများသည် ဒီနေ့ပိုင်လီအိမ်က အုတ်နံရံဆောက်နေသဖြင့် လူအများကြီးရှိနေသည်ဟုလည်း ပြောလိုက်သဖြင့် ဆူညံ့သံများကပုံမှန်ဟုထင်နေခဲ့တာလည်းဖြစ်သည်။

သို့သော် ခြံဝရောက်တဲ့အခါမှာတော့ သူ့ခြေလှမ်းများကရပ်တန့်လို့သွားရ၏။ ချောင်ရန်က မပါးနပ်တဲ့သူမဟုတ်လို့ အထဲကအခြေနေကို ကြည့်ရုံဖြင့် ကောင်းတဲ့ကိစ္စဖြစ်နေတာမဟုတ်မှန်းရိပ်မိနိုင်ခဲ့သည်။ လေထုကတင်းမာနေပြီး အုပ်စုနှစ်ခုကွဲနေတာကလည်းသိသာကာ ပိုင်လီက အမျိုးသမီးတစ်ယောက်ကိုထိန်းထား၍ သူတို့နှင့်မျက်နှာချင်းဆိုင်မှာလည်း အမျိုးသမီးတစ်ယောက်ကို နောက်တစ်ယောက်ကို ထိန်းထားပုံရ၏။ ဒါက ကြည့်ရုံနဲ့မြင်နိုင်ဖို့အရမ်းလွယ်ပါတယ်။

ချောင်ရန်သည် သူတော့အချိန်အခါမှား၍ရောက်လာမိပြီဟုတွေးကာ မပြုံးနိုင်တော့ပဲ ရောက်လာမှတော့သွားရုံသာရှိတော့သည်မလို့ ပိုင်လီထံလျောက်သွားလိုက်ရင်း မေးလိုက်သည်။

"ညီလေးပိုင် ငါရောက်လာလို့အနှောက်ယှက်ဖြစ်သွားပြီလား"

သူက သူတို့ကိုနှောက်ယှက်မိတယ်ဆိုတာအသိသာကြီးပေမယ့် သူကယဥ်ကျေးမှုအရမေးရပါလိမ့်မယ်။

ပိုင်လီက ချောင်ရန်ရောက်လာမှုအပေါ် အရမ်းအံသြသွားခဲ့ပေမယ့် ပြန်စဥ်းစားကြည့်တော့ ဒီလူသည် တောကောင်သားများအပေါ် အရမ်းရူးသွပ်ပုံရပြီး သူ၏အချစ်ဆုံးသူငယ်ချင်းတစ်ဖြစ်လဲ ယောက်ဖထံမှအနိုင်ရထားသည့် လေးကိုပင် တန်ဖိုးထက်လျော့ရောင်းနိုင်သူဖြစ်သည်။ ဒါကြောင့် သူဘာကြောင့်ရောက်လာလဲဆိုတာ ခန့်မှန်းဖို့အရမ်းလွယ်ပါတယ်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now