အပိုင်း (၆၂)

10K 1.4K 59
                                    

အပိုင်း (၆၂) မုဆိုးကြီးနှင့် ဟွမ်ဟွာ၏ ထိပ်တိုက်တွေ့ဆုံမှု -2

ပိုင်လီရဲ့ အနက်ရောင်ဝတ်စုံဝတ်ထားတဲ့ လူအပြည့်နဲ့ တင်လာသောလှည်းလေးသည် ရုံးတော်ရှေ့ရောက်သောအခါတွင် နေမွန်းတည့်ချိန်ကျော်သွားပြီဖြစ်သည်။

အချိန်က နေ့ခင်းဖြစ်လို့ ဒီမြင်ကွင်းက ဆိပ်ကမ်းမြို့ကလူတွေကို အရမ်းဆွဲဆောင်မှုရှိနေပြီး လူတချို့ကစပ်စုချင်စိတ်ကြောင့် ကြည့်နေကျ၏။ သူတို့ကတီးတိုးစွာနဲ့ ပိုင်လီက ဒီတစ်ခေါက် လူတွေကိုများ ရောင်းမလို့လားဟူ၍တောင် စနောက်နေခဲ့ကျသေးသော်လည်း တချို့လူများကမူ ဒီဝတ်စုံနက်နဲ့လူတွေက ပိုင်လီဝက်ဝံရောင်းရတဲ့ရွှေချောင်းတွေကို လုယက်သူများဖြစ်လိမ့်မည်ဟု ထင်ကြေးပေးခဲ့ကျသည်။

ဒါကြောင့် ဝက်ဝံကိုတောင် သတ်ရဲတဲ့လူမျိုးကို ရန်သွားစရဲတဲ့လူတွေရဲ့ အဆုံးသတ်က ဘယ်လိုဖြစ်မလဲဆိုသည်ကို လူတွေကသိချင်ကျတာကြောင့် အမှုကိုသွားကြည့်ရန် ဆုံးဖြတ်ခဲ့ကျသဖြင့် ရုံးတော်တွင်လူများ ပြည့်နှက်နေခဲ့တော့၏။

တရားသူကြီးက ဒီအမှုကို ကြားနာရန်ရောက်လာချ်န်တွင် တိုင်ကြားသူက ပိုင်လီဖြစ်နေသည်ကိုတွေ့သည့်အခါ သူ့မျက်နှာအမူရာက ထူးဆန်းသွားခဲ့ပြီး စိတ်ထဲတွင်လည်း မပြောဘဲမနေနိုင်ခဲ့တော့ပေ။

ငါတို့တွေ သိပ်မကြာသေးခင်ကမှ တွေ့ခဲ့တာမဟုတ်ဘူးလား?

သို့သော် သူသည် ကောင်းမွန်သောတရားသူကြီးမျိုးဖြစ်နေသဖြင့် တိုင်ကြားမှုမှန်သမျှကို ကြားနာပေးမည်ဖြစ်ကာ သူ၏ထူးဆန်းသောမျက်နှာထားကို ပြန်လည်ရုပ်သိမ်းလိုက်လေသည်။ ထို့နောက် ဝမ်လီက ပိုင်လီနှင့် သူ့ဘေးရှိ အနက်ဝတ်လူအပုံလိုက်ကိုကြည့်ကာ...

"အမှုကိုတိုင်ကြားတာက မင်းလား မင်းကဘယ်လိုအမှုမျိုးကိုတိုင်ကြားချင်တာလဲ မင်းရဲ့လူတွေကရော ဘာတွေဖြစ်နေတာလဲ "

ပိုင်လီက အရင်ဆုံး တရားသူကြီးမင်းဖြစ်တဲ့ ဝမ်လီကို ဦးညွှတ်ကာနှုတ်ဆက်လိုက်ပြီး...

"လူကြီးမင်း ဒီရွာသားက နန်ချောင်းရွာလေးက ပိုင်မိသားရဲ့ဒုတိယသား ပိုင်လီဖြစ်ပါတယ်"

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now