အပိုင်း (၄၂)

10.9K 1.5K 57
                                    

အပိုင်း (၄၂) နန်ချောင်းရွာကရွာသားတစ်ဦးသေဆုံးခြင်း -2

အိမ်လေးထဲတွင် ရှောင်ဟန်က စိုးရိမ်နေသည့်မျက်နှာလေးနှင့်ရပ်နေတာဖြစ်ပြီး သူကပိုင်လီဝင်လာတာမြင်တော့ တစ်ခုခုမေးချင်နေပုံရပေမယ့် အပြင်က ပိုင်လီကိုအော်ဟစ်သံတွေထွက်လာသည့်အခါ လန့်သွားပုံရသည်။

ပိုင်လီက ဒီကောင်လေးမှာ နဂိုထဲကအနည်းငယ်ကြောက်တဲ့သည့်စရိုက်ရှိပြီး ယခုကဲ့သို့လူအများကြီးကအိမ်ရှေ့တွင် အော်ဟစ်နေခြင်းကို အနည်းငယ်စိုးရိမ်နေကြောင်း မြင်နိုင်ခဲ့တာကြောင့် အလောတကြီးမရှိသောအသံဖြင့် နှစ်သိမ့်သလိုပြောလိုက်၏။

"ဘာမှမဖြစ်ပါဘူး ဒီမှာငါတစ်ယောက်လုံးရှိနေတယ်မဟုတ်ဘူးလား"

ဒီကလူများသည် သူတို့အိမ်၏ဦးစီးရှိနေခြင်းက လုံခြုံမှုရှိသည်ဟု ရှုမြင်လေ့ရှိကျတာကြောင့် ပိုင်လီကထိုသို့ပြောလိုက်ခြင်းဖြစ်ကာ နောက်တော့ သူက အပြင်ကအသံတွေကြောင့် နိုးလာကျတဲ့အသေးလေးတွေထံသွားလိုက်ပြီး ထိုကောင်လေးများက ပိုင်လီအုတ်ကုတင်ပေါ်ထိုင်လိုက်တာနဲ့ သူ့အပေါ်ကုတ်တတ်လာကျလေသည်။

ရှောင်ဝူလေးက ပိုင်လီရင်ခွင်ထဲမှာမှီပြီး ပြန်အိပ်နေပေမယ့် ရှောင်ဖူကတော့ ပိုင်လီရဲ့အင်္ကျီစကို ကိုင်လျက်မေးလာ၏။

"အဖေ သူတို့ဘာလို့အိမ်ရှေ့မှာ အဖေ့ကိုလာဆူနေကျတာလဲဟင်"

ပိုင်လီက ရှောင်ဖူရဲ့နှုတ်ခမ်းထောင့် သွားရည်စီးကြောင်းလေးကိုသုတ်ပေးလိုက်ပြီးမှ....

"သူတို့က အဖေသူတို့နဲ့အတူမလိုက်လို့ စိတ်ဆိုးနေကျတာ "

ထိုအခါ ရှောင်ဖူက ခေါင်းလေးစောင်းကြည့်လာကာ...

"ဒါဆို အဖေကဘာလို့သူတို့နဲ့မလိုက်ချင်တာလဲဟင်"

ဒီမေးခွန်းကြားတော့ ပိုင်လီကရယ်ကာ ရှောင်ဖူရဲ့ပါးလေးကိုညှစ်လိုက်ပြီး...

"ဒါက အဖေကသူတို့နဲ့မလိုက်ချင်လို့လေ "

ထို့နောက် ပိုင်လီကငယ်သေးတဲ့ကလေးနဲ့ ဒါတွေမပြောချင်တော့လို့ စကားလမ်းကြောင်းလွဲဖို့သာကြိုးစားလိုက်သည်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now