အပိုင်း (၇၉)

11.1K 1.3K 20
                                    

အပိုင်း (၇၉) မိသားစုစကားဝိုင်း

"ညီမလေးသိသားပဲ! အားလုံးက ညီမလေးကို အချစ်ဆုံးဆိုတာကို! ဒါပေမယ့် ညီမလေးက ဒီရွှေချောင်းတွေကိုမယူပါဘူးနော် အဖေနဲ့အမေ့ကိုပဲ လယ်ကွက်တွေဝယ်ဖို့ပေးလိုက်မယ်! ပြီးရင် ညီမက လယ်သူဌေးမိသားစုရဲ့ မင်းသမီးလေးပဲလုပ်မယ်လေ”

ပိုင်မိသားစုနှင့် ပိုင်လီသည် ပိုင်မိန်၏စကားကြောင့် ရယ်မောခဲ့ကျရသည်။ ပိုင်လီက သူမလေးရဲ့ခေါင်းလေးကိုပုတ်လိုက်ပြီး....

"မင်းရွှေချောင်းတွေကိုယူလိုက်ရင်တောင် မင်းကအကိုတို့မိသားစုရဲ့ မင်းသမီးလေးဖြစ်နေဦိးမှာပါပဲ "

ပိုင်မိန်က ဒါကိုနားမလည်ဘဲဘယ်နေပါ့မလဲ။ ဒါပေမယ့် သူမက ရွှေချောင်းတွေကို သူမိသားစုကိုသာ ပေးချင်နေတုန်းပါပဲ။ ဒါကြောင့် သူမက....

"ဒါကို ညီမလေးလည်းသိပါတယ် သိပေမယ့် ညီမလေးက ပိုင်မိသားစုရဲ့သမီးဆိုမှတော့ ညီမလေးရဲ  ပိုင်ဆိုင်မှုက မိသားစုရဲ့ပိုင်ဆိုင်မှုပဲလေ မဟုတ်ဘူးလား မိသားစုကချမ်းသာလာရင် ညီမလေးလည်း ခံစားရမှာမဟုတ်ဘူးလား"

ပိုင်လီနှင့် ပိုင်မိသားစုသည် လူကြီးတစ်ယောက်လို စကားပြောနေသည့် ဆယ်နှစ်အရွယ်ကလေးမလေးကိုကြည့်ကာ သူမလေးက တကယ်ကို သူတို့မိသားစုရဲ့ မင်းသမီးလေးဟု မခံစားဘဲမနေနိုင်တော့ပေ။

ပိုင်အမေကလည်း ပိုင်မိန်အား ရွှေချောင်းတွေကို သူမလေးကိုယ်တိုင် ယူနိုင်ကြောင်းနှင့် မိသားစုက သူမလေးကို လုံးဝစိတ်ဆိုးမည်မဟုတ်ကြောင်း ပြောခဲ့သေးသော်လည်း ပိုင်မိန်ကတော့ ရွှေချောင်းတွေကို မိဘတွေကိုသာ အပ်ခဲ့သဖြင့် ထိုရွှေချောင်းများ၏ ပိုင်ဆိုင်မှုသတ်မှတ်ခြင်းသည် ကြည်နူးစရာအတိဖြင့် ပြီးဆုံးသွားခဲ့လေသည်။

အဲဒီနောက်တွင် ပိုင်လီက သူဒီတစ်ခေါက်၌ ဝက်ဝံရောင်းခဲ့ကြောင်းကို ပြောခဲ့၏။ သူက ချောင်ရန်နဲ့ ဆပ်ကမ်းမြို့က လူထုကို ရှင်းပြခဲ့တဲ့ ဇာက်လမ်းကိုပဲ သုံးခဲ့တာဖြစ်လို့ ပိုင်မိသားစု​သည် ပိုင်လီရဲ့ကံကောင်းမှုအတွက် မိုးနတ်မင်းကိုတောင်ကျေးဇူးတင်စကားတွေ ထပြောခဲ့ကျသေးသည်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now