အပိုင်း (၇၇)

10.3K 1.2K 72
                                    

အပိုင်း (၇၇) မုဆိုးကြီး၏ ရုံးတော်သို့တတိယအကြိမ်မြောက်ခရီး-2

ဤတစ်ခေါက်တွင် ပိုင်လီက စိတ်မကောင်းဖြစ်ကာ ဖြစ်ညစ်နေမည့် သူ့အစ်ကိုကြီးကို အနားပေးလိုက်ပြီး သူကလှည်းကိုမောင်းခဲ့လေသည်။

အရင်ဆုံး သူတို့က မြို့ငယ်လေးကိုဝင်လိုက်ပြီး လှည်းရပ်နားသည့်နေရာတွင် လှည်းပေါ်မှာ စောင့်နေသည့် ပိုင်ဝူကိုတွေ့လိုက်ရ၍ စျေးဝယ်သွားသည့်လူများကို စောင့်ခဲ့ကျသော်လည်း သိပ်အကြာကြီးတော့မစောင့်လိုက်ရပေ။

အသေးလေးတွေက သူတို့အဖေကို မြင်လိုက်သောအခါတွင် နောက်ကလိုက်မည်ဟူသည်မှာ အမှန်ဖြစ်နေသဖြင့် သူတို့က ပျော်ရွှင်သွားကျသော်လည်း ကြိုးတုပ်ခံရထားရပြီး ပါးစပ်ပါအစည်းခံထားရသည့် သူတို့၏ အကြီးဆုံးအဒေါ်ကို မြင်ချိန်တွင်မူ သိလိုစိတ်လေးတွေနှင့် ကြည့်နေခဲ့ကျလေသည်။

ပိုင်လီကတော့ သူ့သားတွေကို ကျိုးရှီနဲ့လှည်းတစ်စီးထဲမထားချင်၍ ပိုင်ဝူနှင့် လှည်းမောင်းသူနေရာချင်းလဲလိုက်ပြီး အသေးလေးတွေ မြန်မြန်အာရုံလွှဲသွားစေရန် သူတို့လေးတွေစိတ်ဝင်စားစေမည့် တခြားအကြောင်းရာများကိုပြောခဲ့ကာ လှည်းနှစ်စီးကိုလည်းအနည်းငယ်ခွာမောင်းခဲ့သေးသည်။

အဲဒီနောက် သူတို့ ဆိပ်ကမ်းမြို့သို့ရောက်ချိန်တွင် ညနေပိုင်းဖြစ်နေပြီဖြစ်ပြီး ရုံးတော်ပိတ်ဖို့ လက်မတင်အချိန်လေးမှာပဲ ရုံးတော်ရှေ့ရောက်သွားခဲ့ကျ၏။

သူတို့က ရုံးတော်ရှေ့မလာခင်မှာ ရှောင်ဟန်တို့သားဖတတွေနဲ့ ပိုင်မိန်ကို ရုံးတော်သို့ခေါ်မလာချင်သဖြင့် တည်းခိုခန်းမှာ ဝင်ထားသေးတာပင်။

ဝမ်လီသည် ရုံးတော်ပိတ်ချိန်ရောက်နေသော်လည်း မပိတ်ခင်၌ ထိုလူများကရောက်လာဖြစ်လို့ အမှုကိုတင်သွင်းခွင့်ပြုခဲ့ကာ တရားသူကြီးခုံသို့ ထိုင်မည်အပြု၌ လူအုပ်ထဲမှ ပိုင်လီကိုမြင်လိုက်ရသဖြင့် သူ့မျက်နှာက လုံးလုံးကိုပြောင်းလဲသွားခဲ့တော့သည်။

ထိုအချိန်၌ တိုက်ဆိုင်စွာပင် ပိုင်လီကလည်း သူ့အားအားတုံ့အားနာဟန်ဖြင့် ကြည့်လာသဖြင့် သူက မမေးဘဲမနေနိုင်ခဲ့တော့ပေ။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now