ရှောင်အိမ်ရဲ့ အကြံသစ်

5.6K 721 9
                                    

အပိုင်း (၁၄၅) ရှောင်အိမ်ရဲ့အကြံသစ်

"ဒုတိယရေ မကောင်းတော့ဘူး မင်းတို့ထွက်သွားတဲ့ မနေ့ကတည်းက ရှောင်အိမ်ကလူတွေက မင်းတို့အိမ်ကို လာပြီးလာရှာကျတယ် သူတို့ပြောတာက မင်းတို့ကို တောင်းပန်ဖို့တဲ့ ဒါပေမယ့် အမေကတော့ ဒါကနည်းနည်းမှ ရိုးစင်းမယ်လို့ ထင်မနေဘူးပဲ!"

ဒါကိုကြားတော့ ပိုင်လီနှင့်ရှောင်ဟန်တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကျလေသည်။

အမှန်တိုင်းပြောရရင် သူတို့က ရှောင်အိမ်ကို မေ့တောင်နေကျပြီကို ဒီလူတွေက ဘာလုပ်လာပြန်ကျတာလဲဆိုတာကို စဥ်းစားမရကျပါဘူး။ တကယ်ဆိုသူတို့တွေက အရင်တစ်ခါကိစ္စမှာထဲက ပြတ်စဲသွားပြီမဟုတ်ဘူးလား။

ပိုင်လီက ဒီလူတွေရဲ့ အကြမ်းနည်းကို စွန့်လွတ်ပြီး အနုနည်းနှင့် ပြန်လည်ချဥ်းကပ်တော့မည့် အရိပ်ယောင်ကို ဝိုးတဝါး ပြန်မြင်နေရသော်လည်း ရှောင်ဟန်ကမူ အနည်းငယ်စိုးရိမ်နေပေသည်။ သူက ရှောင်မိသားစု ပြဿနာထပ်ရှာမှာကို နည်းနည်းစိုးရိမ်နေတာပါ။

သူ့ဇနီးလေး စိုးရိမ်နေတာကို ရိပ်မိတဲ့ ပိုင်လီက ရှောင်ဟန်၏ပုခုံးကို ခပ်ဖွဖွပုတ်ပေးလိုက်ပြီး သူတို့က ပိုင်အမေနှင့်စကားပြောရန် အတူတူဝိုင်းထိုင်လိုက်ကျ၏။ အသေးလေးတွေနဲ့ ပိုင်မိန်ကတော့ မြင်းလှည်းပေါ်ကဆင်းသည်နှင့် ကစားဖို့ရာ ပြေးသွားကျပြီဖြစ်သည်။

ဒီနှစ်နွေဦးစမှာ သုံးနှစ်ပြည့်သွားပြီဖြစ်တဲ့ အသေးလေးတွေက အပြင်မှာ ကလေးဖော်တွေနှင့် ကစားတက်နေပြီဖြစ်ပြီး ရွာထဲတွင် ကစားဖော်တချို့လည်း ရှိနေပြီပင်။ ဒီကောင်လေးတွေ ရွာထဲကတခြားကလေးတွေနဲ့ သွားကစားနေသည့်အပေါ်မှာတော့ သူတို့လေးတွေနောက်မှာ ရှင်းလုနှင့်ကျူးလင်က အမြဲလိုက်နေသဖြင့် ပိုင်လီက စိုးရိမ်စိတ် သိပ်မရှိလှပါဘူး။

သူတို့တွေ စားပွဲမှာထိုင်ပြီးနောက် ပိုင်အမေကစကားပြောဖို့ရာ စိတ်မရှည်တော့ဘဲ သူမက စပြောလာခဲ့၏။

" အမေလည်း ဒါကို ရုံရှီလာပြောမှ သိတော့တာပဲ အစက မင်းတို့အိမ်မှာ ဖုပင်းလည်းရှိနေတော့ အမြဲသွားမကြည့်ဖြစ်ဘူးလေ "

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now