ရေစက် (1)

11.1K 248 8
                                    

မည်းမှောင်နေသော ကောင်းကင်အောက် မိုးရေတို့ဟာ မကုန်ခမ်းနိုင်အောင်ရွာသွန်းနေခဲ့သည်။ ထို့အပြင်ဒေါသထွက်နေသော လူတစ်ဦးလို ကောင်းကင်ဟာအသံစုံပြုကာ လျှပ်စီးတို့လျပ်စေခဲ့သည်။ ထိုအချိန်မြေပြင်တွင်တော့ လူတစ်ဦးဟာ ချွေးတို့နှင့် အလုပ်တစ်ခုကို သည်းကြီးမည်းကြီးလုပ်နေပုံရသည်။ သူဟာ မြေပြင်ပေါ်မှ တစ်စုံတစ်ခုကို ဆွဲကာထူးထားသောမြေကြီးထဲသို့ပြစ်ချလိုက်ပြီးမြေအား ပြန်ဖို့ရန်လုပ်နေသည်။မြေကို ပုံစံတကျဖြစ်အောင်လုပ်လို့ပြီးချိန်တွင်တော့ ပတ်ဝန်းကျင်ကို ဂရုမစိုက်တော့ဘဲ အမှောင်ထုထဲသို့ တိုးဝင်ပျောက်ကွယ်သွားတော့သည်။

မည်းမှောင်နေသော ဟင်းလင်းပြင်ထဲရောက်နေသလို။ သူ့ခြေဖဝါးမှာ ဖိနပ်ရှိမနေသလို မြေဟာကြမ်းတမ်းလှသည်။ သူရပ်နေတုန်းမှာဘဲ သူ့ခြေထောက်ရော သူ့လက်ကိုပါဖမ်းဆုပ်ခြင်းခံလိုက်ရသည်။ သူမရုန်းကန်နိုင်ခဲ့ပေ။ အေးစက်စက်လက်တွေဟာ သူ့ခန္ဓာကိုယ်ပေါ်ပြေးလွှားနေသလို။အသက်ရှုရခက်လောက်သည့်လည်တိုင်မှ ဖျစ်ညစ်မှုတစ်ခု။ ထိုလက်အားဟာ ပြင်ထန်လာသည်နှင့်အမျှ သူအောက်ဆီဂျင်ပြတ်တောက်လာခဲ့သလို ခန္ဓာကိုယ်အားမလှုပ်ရှားနိုင်တော့။သူ့စိတ်ဟာကယောင်ခြောက်ခြားဖြစ်နေချိန်မှာ သူထင်ရှားစွာမြင်လာရသည်။ မျက်လုံးတစ်ဖက်တို့ကြည့်မကောင်းအောင်ငေါ်ထွက်နေကာ သွေးတွေတစ်တောက်တောက်ကျနေသည်။ရှုပ်ပွနေသော ဆံသားနှင့်ထိုမိန်းမဟာ နီရဲစွာကြည့်နေပြီး သူ့လည်ပင်းကိုအားကုန်ညစ်နေခဲ့သည်။ ရင်ဘတ်တွေတင်းကြပ်မှုနှင့် သူလုံးဝကိုအသက်မရှုနိုင်တော့။

"သားလေး!! သားလေး!!...."

"!!!!!..."

အလင်းရောင်တို့မျက်ဝန်းထဲတိုးဝင်လာကာ သူအသက်လုရှုလိုက်မိသည်။ သူဘေးဘက်ကိုကြည့်လိုက်တော့ "ဘကြီးစိုး" က စိုးရိမ်စွာရပ်နေတာကိုတွေ့လိုက်ရသည်။သူ့ရင်ဘတ်အားအသာလေးပုတ်ကာအသက်ဖြည်းဖြည်းရှုလိုက်သည်။ သူဒီလိုအိမ်မက်တွေနဲ့ လန့်နိုးလာတာဘယ်လောက်ကြာပြီလဲ ။

"အဆင်ပြေရဲ့လား သားရယ်..."

သူအသာလေးခေါင်းကို ငြိမ့်ပြလိုက်သည်။

ရေစက်Where stories live. Discover now