ရေစက် (6)

2.7K 111 3
                                    

တီး! တီး! တီး!!

မြည်လာသော ဖုန်းကြောင့် စည်းစိမ် ဖုန်းအားကိုင်လိုက်သည်။

"အင်း ပြောလေ.."

"ဒီနေ့ ကိစ္စ နည်းနည်း ဆွေးနွေးစရာရှိလို့  သခင်လေးဆီကျွန်တော်လာလို့ရမလား..."

"ရုတ်တရပ်ကြီး?... မိုးလည်းချုပ်နေပြီလေ မနက်ဖြန်မှဘဲလာခဲ့တော့ပေါ့..."

"မရဘူး သခင်လေးရဲ့ .. ဒီနေ့ပြောရမှဖြစ်မှာ... အရေးကြီး ကိစ္စမို့လို့...."

အတင်းပြောဆိုနေသော အနိုင် ကြောင့် အတော်လေးကြောင်သွားရသည်။

"အဲ့ဒါဆိုလည်း  လာခဲ့ချေ..."

"ဟုတ်ကဲ့...."

ဖုန်းချသွားတော့ သူထပ်ကာစဉ်းစားမိလိုက်သည်။ အလုပ်ဆင်းချိန်တိကျတတ်သူက အလုပ်ဆင်းရင် တန်းပြန်တတ်တာကို အခုတော့ အသည်းအသန်ဖြစ်နေသည်တဲ့လေ။ တကယ်ဘဲ သူ့ကို သတ်ဖို့လား...။
ပြတင်းပေါက် မှန်အား ထင်းနေအောင်သုတ်ထားလိုက်သည်။ဒါမှ အနောက်မှလူအား မြင်နိုင်ပေလိမ့်မည်။

"........"

အချိန်အားဖြင့် ည12 ထိုးနေချေပြီး။ အခုထိမရောက်လာသေးပေ။ မလာတော့တာများလား။သူအောက်ကို ကြည့်မိပြန်တော့ ဘာမှမတွေ့ရ။ ဒီညမဟုတ်တာ များလား။

"ထားပါတော့"

သက်ပြင်းချကာပင် ပြတင်းပေါက်တံခါးအား ပိတ်လိုက်သည်။ ညနက်နေပြီမို့လို့ အိပ်ရန်သာပြင်လိုက်သည်။ "အနိုင်" ကသူ့ကို သတ်ချင်တယ်ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စကြီး ။

"!!!!...."

စာရွတ်တို့အား စီနေတုန်း မျက်ဝန်းတောင့်မှ အရိပ်တစ်ခုကို ခံစားလိုက်ရသည်။ ဒိတ်ခနဲဆောင့်ခုန်လာသော ရင်ဝနှင့်အတူ အနောက်သို့လှည့်ကြည့် လိုက်သော်။

"အ့!...."

အရှိန်နှင့်ပြေးလာကာ ထိုးချလာသော ဓါးတစ်လက်နှင့်အတူ 'အနိုင်' ။ အချိန်မှီတားလိုက်နိုင်သော်လည်း ဓါး၏နှစ်လက်မလောက်က ဗိုက်ထဲသို့နစ်ဝင်ခဲ့ချေပြီး......။

"ဘာလို့လဲ!?.. ငါဘာမကောင်းတာလုပ်မိလို့လဲကွာ!...."

"........"

ရေစက်Where stories live. Discover now