ရေစက် (28)

1.8K 72 1
                                    

သူထပ်ပြီး Bruichladdich X4 ရေမရောဘဲသောက်ချလိုက်သည်။

"ဒါဆို ငါတို့ရန်သူတွေ ဖြစ်ကြတာပေါ့ ...."

ရန်သူ? ဒီလိုအချိန်တောင်ရောက်လာပြီဘဲ ။ တစ်ယောက်ကိုတစ်ယောက် သေနတ်နဲ့ချိန်ရတဲ့အချိန် ရောက်လာလိမ့်မယ်လို့ တွေးထားမိပေမဲ့ ဒီလောက် မြန်လိမ့်မယ်လို့မထင်ထားခဲ့ဘူး ။ အခုသူတို့ သူငယ်ချင်းနှစ်ယောက်က ကြားသူစိမ်းတစ်ယောက်ကြောင့် ရန်သူတွေဖြစ်ရပြီ...။ အာ .. ကြားသူစိမ်း ဆိုတဲ့သူက သူ့ရဲ့ အသည်းအသက်ကလေးကိုး...။ ဖြစ်သင့်တာပါဘဲလေ ....။

ဆိုဖာပေါ် ခေါင်းအသာချပြီး သူလှဲချလိုက်ရသည်။ သူဘာတွေထပ်လုပ်ရဦးမှာလဲ ။ မလုံလောက်သေးဘူးလား ။ အဲ့နေ့ကသာ သူကတိမပေးလိုက်ရင် အကောင်းသား ....။ကတိမပေးပြန်ရင်လည်း မဖြစ်ပြန်ဘူး ။

ကျူးလစ်ပန်းတွေ စုံလင်စွာစိုက်ထားသော ပန်းခင်းအလယ်တွင်ဖြစ်သည်။ အနောက်တိုင်း ဝတ်စုံကိုသေသပ်စွာ ဝတ်ထားသောအမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ရပ်နေသည်။

"ကျွန်တော့်ကို ခေါ်လိုက်တာ ဘာကိစ္စရှိလို့လဲဗျ ...."

ထိုအမျိုးသားက ယဉ်ကျေးစွာပြောဆိုလာပြီးနောက် ထိုအမျိုးသမီးက လှည့်ကြည့်ကာပြုံးလိုက်သည်။

"အကူအညီတောင်းစရာရှိလို့ပါ .. သား မာန် နဲ့ပတ်သတ်နေတာမို့လို့...."

"မာန် နဲ့ပတ်သတ်ရင် ဘာဖြစ်ဖြစ်ကူညီရမှာပေါ့ ...."

ဒေါ်ပန်းကလျာ က သက်ပြင်းအသာချရင်း အာဏာစက်ဝန်း ကိုကြည့်လာသည်။

"သူအတိတ်မေ့နေတယ်ဆိုတာ သိတယ်မလား ..."

"ဟုတ်ကဲ့... အဲ့ဒါက ဘာဖြစ်လို့လဲ ...."

"သူ့အတိတ်မှာတစ်ယောက်ယောက်နဲ့ပတ်သတ်နေတယ်လို့သိရတယ် .... အန်တီကတော့ သူ့ကိုအရင်ကလိုပြန်မဖြစ်စေချင်ဘူး ...."

"......"

အာဏာစက်ဝန်း တိတ်တဆိတ်နားဆင်နေမိသည်။ သူ့ကိုတစ်ခါမှမတောင်းဆိုဖူးသော သူငယ်ချင်းရဲ့ မိခင်မလို့ သူသေချာပေါက်ကူညီရမည်။

"ဒါကြောင့် သူ့ကိုအတိတ်ကအကြောင်း ဘာမှမပြောပြဖို့တောင်းဆိုချင်တာပါ ...."

ရေစက်Where stories live. Discover now