ရေစက် (7)

2.7K 108 1
                                    

"!!!?...."

သူ့သခင်လေးဟာ အခုတလော အရက်သေစာတို့နှင့် အချိန်ဖြုန်းနေလေ့ရှိတာကို သတိထားမိခဲ့သည်။ သို့သော် သူ့အနေဖြင့်ဘာမှမတတ်နိုင်သလို တားဆီးခွင့်လည်း မရှိ။ မျိုးရိုးအလိုက်ထိုမိသားစုတွင် အလုပ်လုပ်ခဲ့သည်မို့ ငယ်ငယ်လေးကတည်းက သခင်လေးအကြောင်းကို သိသည်။ ဒီလိုဖြစ်နေတဲ့သခင်လေးပုံကို မမြင်ဖူးသော်လည်းဘာကြောင့်လဲ ဆိုတာတော့ သူမပြောရင်တောင် သိသည်။ ဒီအတိုင်း သက်ပြင်းချရုံကလွဲ....။

"အာ......"

ခေါင်းအားအသာလေး နှိပ်နှယ်ကာ နိုးလာတော့သည်။

"နိုးလာပြီလား သခင်လေး.."

"!!?...အင်း..."

"ခွန်းစက္က" တစ်ယောက် မူးနေသောခေါင်းကိုကိုင်ကာပြန်ဖြေလိုက်သည်။ ဒီနေ့သူသောက်တာ များသွားတာဘဲ။

"သံပုရာရည်နဲ့ အရက်နာကျဆေး ယူလာပါတယ် ဘယ်ဟာသောက်မှာပါလဲ ..."

"သံပုရာရည်ဘဲပေးတော့..."

"ဟုတ်ကဲ့"

သံပုရာရည်အား လန်းဆန်းသွားအောင် အကုန်သောက်ပစ်လိုက်သည်။ ထိုအခါမှ ဗိုက်အောင့်တာ သက်သာလာသလိုရှိသည်။

"ဘာကိစ္စလဲ..."

"သခင်လေး ခေါ်လာခိုင်းတဲ့ ကောင်လေးကို ခေါ်လာပါပြီး ဘေးအခန်းမှာပါ သွားကြည့်ချင်လား..."

"အင်း ... သွားကြည့်ကြတာပေါ့..."

"ဟုတ်ကဲ့..."

ထိုသို့နှင့်ဘေးအခန်းသို့ရောက်လာခဲ့သည်။ တံခါးဖွင့်လိုက်သည်နှင့် ပိုးသတ်ဆေး၊ ဆေးအနံ့တို့ဟာ လူကိုမူးဝေစေသည်အထိ ပြင်းထန်လွန်းသည်။ တခြားသူဆိုဒီလိုအရေးတယူလုပ်နေမှာမဟုတ်။သို့သော် ထိုလူဟာ တစ်ချိန်က ရင်းနှီးခဲ့ဖူးသော မိတ်ဆွေ၏ ညီအရင်း။
သူ့အကြည့်ဟာကုတင်ပေါ်မှ ‌လူတစ်ဦးထံ စိုက်ရောက်သွားသည်။ ဒဏ်ရာတို့နှင့် ပတ်တီးတို့ဟာမြင်မကောင်းအောင်ရှိနေသည်။ ဖြူဖွေးသောမျက်နှာပြင်မှာ မျက်ကွင်းညိုတွေကနေရာယူနေခဲ့သည်။ လွန်ခဲ့သော နှစ်တွေတုန်းကကျောင်းဝတ်စုံနှင့်လိုက်ဖက်နေခဲ့သော ထိုကောင်လေးဟာအခုတော့ မြင်မ‌ကောင်းရှုမကောင်း။

ရေစက်Where stories live. Discover now