ရေစက် (5)

3K 117 4
                                    

လန်းဆန်းသောလေထုထဲ အနံ့ပြင်းပြင်း ဆေးလိပ်ငွေ့အား ပျံ့လွင့်စေလိုက်သည်။ ညမီးတိုင်အောက်တွင် သူတစ်ဦးတည်း ရပ်နေသည်။ လက်ထဲတွင်လည်း စားစရာတစ်ချို့ကို သယ်ဆောင်ထားသည်။ အနောက်တိုင်း suit အားသေသပ်စွာဝတ်ထားပြီး အရပ်ရှည်ရှည်လူတစ်ဦး။

"တီး !.. တီး!..."

မြည်လာသောဖုန်းအား အမြန်ကောက်ကိုင်လိုက်သည်။ သူ့မှာ အရေးကြီး မိသားစုရှိသည် မလား။

"အွန်း ... "

"ရှင်ဘယ်မှာလဲ ... အလုပ်မဆင်းသေးဘူးလား"

တစ်ဖက်မှ အမျိုးသမီး စ‌ကားကြောင့် ဆေးလိပ်အား မြေပေါ်ပစ်ချကာ နင်းချေလိုက်သည်။

"ပြန်လာနေပါပြီး... ယု အကြိုက်ပဲခေါက်ဆွဲ ဝယ်လာတယ်..."

"အင်း အဲ့အစာနဲ့ဘဲ ချော့နေလိုက် ...ဟွန့်!..."

စိတ်ဆိုးနေဟန် ဆိုသော်လည်း သူမအသံဟာ သေးသေးလေးနှင့် နူးညံ့နေဆဲ။ " အနိုင်" ခပ်ရေးရေးပြုံးလိုက်သည်။

"ချောကလက်လည်း ပါတယ်နော်..."

"ရှင်နော် ...  ဘယ်အချိန်လောက်ရောက်ဖြစ်မလဲ ... ကလေးက ဗိုက်ဆာနေပြီးတဲ့ ..."

"ရော် .. ကလေးက ဆာ‌တာရော ဟုတ်ရဲ့လား..."

"ကျွန်မကို မယုံလို့လား ..."

ကားတံခါးကိုအသာလေးဖွင့်ကာ ကားထဲဝင်တော့သည်။ သူမရဲ့ စကားချိုချိုလေးကိုလည်း သူနားထောင်နေဆဲ...။

"ယုံပါတယ်ဗျာ ... ခုပြန်လာပြီနော် .. ငါးမိနစ်ဘဲစောင့် .... အမြန်ရောက်စေရမယ် ဟုတ်ပြီလား..."

"အမြန်ဆိုပြီး မြန်မြန်မမောင်းနဲ့နော် .... ဂရုတစိုက်နဲ့ဖြည်းဖြည်းမောင်းပါနော်...."

"ဟုတ်ပါပြီဗျာ .. မိန်းမ စကားနားထောင်ပါ့မယ် ..."

"အင်း... အ့ဆို ဖုန်းချလိုက်တော့မယ်နော် ..."

"ဟုတ်ပြီ ....."

ဖုန်းချလိုက်တာနှင့်တစ်ပြိုင်တည်း ကားစက်နိုးကာ ထွက်လာတော့သည်။ သူမက သူ့အတွက် အရေးပါဆုံး။ မိသားစုအသိုင်းဝိုင်းကိုစွန့်ပြီး သူ့ကိုရွေးချယ်ခဲ့တာမလား။ သူတန်ဖိုးထားရမည်။ တန်ဖိုးလည်းထားသည်။ အခုဆို ကလေးလေးက သူတို့ဘဝထဲဝင်လာချေပြီး။

ရေစက်Where stories live. Discover now