ရေစက် (3)

3.1K 131 5
                                    

"အိပ်နေတာ မလား..."

"အိပ်ချင်ယောင်ဆောင်နေတာ... အ့!.. ဗိုက်!...."

ဗိုက်လေးကိုပုတ်ပြီး မျက်နှာမှာတော့ ရှုံ့မဲ့နေလို့ရယ်။ အစားများပြီး အခုတော့ အစာမကြေဖြစ်လေပြီး။

စည်းစိမ်  အစာကြေဆေးယူကာ တိုက်လိုက်ရသည်။

"သူကမကောင်းဘူး အဲ့လူက လူဆိုးကြီး...."

"ဟမ်း!....ဘယ်သူကလဲ ... ပြန်သွားတဲ့သူလား?."

"ဟုတ်တယ် .. သူ့အနောက်ကလူသတ်လိုစိတ်ကကြောက်စရာကြီး ..."

"မဖြစ်နိုင်ပါဘူး ကလေးရယ် သူကလူကောင်းပါ..."

"အေးရော.. မယုံဘူးဆိုတာ သိသားဘဲ ... အသိပေးပြီးပြီဆိုတော့ ဆင်ဆင်ခြင်ခြင်တော့နေပေါ့ဗျာ... ကျွန်တော်ပြန်တော့မယ်..."

"ပြန်တော့မယ်?.. မိုးချုပ်နေပြီလေ.. ဒီမှာဘဲအိပ်သွားပါလား အခန်းပိုရှိသေးတယ်..."

"ဟင့်အင်း သန်းခေါင်ယံတောင် လိုက်သွားနေကျပါနော် .. ဒီအမှောင်လောက်ကအေးဆေးဘဲ စိတ်ပူမနေနဲ့..."

"ဟုတ်ပါပြီး ကောင်းကောင်းပြန်နော်...."

"ဟုတ်ကဲ့..."

ပုဆိုးကိုမကာ သွားနေပုံက ရယ်စရာလေး။

"အိမ်ကြီးရှင် .. စံပယ်အဖူးလေးတစ်ဖူးနှစ်ဖူးလောက်ခူးမယ်နော်..."

"အွန်း .. ခူးသွားချေ..."

"လမ်းမှာမွှေးရအောင်လို့...."

အိမ်ရှေ့မှ စံပယ်ပင်ရှေ့သို့သွားကာ ဟိုခူးဒီခူးပြီးနောက် ပြုံးပြုံးဖြင့် ပင်တက်ကြွစွာပြန်သွားတော့သည်။ ဒီကလေးကတကယ့်ကိုထူးခြားတာဘဲ။ တခြားကလေးတွေလို အကြောင်အလန့်မရှိ။အလောင်းတွေ့တာတောင်...။

"ဘာလို့ မလန့်တာလဲ..."

"ဟယ်... ဟိုခေါင်မိုးပေါ်ကခေါင်းပြတ်ဆိုရင်တောင်မကြောက်ဘူး..."

အဲ့လိုပြန်ဖြေရဲတာ နည်းတဲ့သတ္တိလား။တကယ်ဘဲ ဒီကလေးက ဆန်းကြယ်ပြီး စိတ်ဝင်စားစေသည်။ သူနဲ့ ဒီကလေးကြားကရေစက်က ဘာရေစက်များလဲ။ ဘာရေစက်ဖြစ်ဖြစ် ရေစက်ကောင်းဖြစ်ဖို့မျှော်လင့်မိပါရဲ့။

ရေစက်Where stories live. Discover now