ရေစက်(26)

1.8K 78 0
                                    

"!!!.."

ထစ်ချုံးမာန် ရှေ့မှ ပုံပျက်ပန်းပျက်နှင့် ရှုပ်ပွပေရည်နေသော လူကို မျက်မှောင်ကြုတ်ကာကြည့်လိုက်သည်။ ဆံသားကောက်ကောက်ကလည်း ကျောလယ်ထိရှည်နေကာ ဖြီးသင်းထားခြင်းလည်းမရှိပေ။

"ဘယ်သူလဲ .. ဘာလို့တွေ့ချင်တာလဲ ..."

ဆိုဖာပေါ်ကြုံ့ကြုံ့လေးထိုင်နေရာကနေ သူ့ကိုအနည်းငယ်မော့ကြည့်လာသည်။ ပြောလာသည်က ..

"အရက်မရှိဘူးလား ..."

"ဟမ်း??..."

သူ့ရုံးခန်းထိလာပြီး ပြောလာတဲ့စကားက အဲ့စကားတဲ့လား ။ ထစ်ချုံးမာန် စိတ်ပျက်သွားကာ ဒေါသထွက်လာသည်။

"ကျုပ်ရုံးခန်းထဲလာပြီး မေးတဲ့စကားက အဲ့စကားလား ... ပြန်လိုက်တာကောင်းမယ် ကျုပ်မအားဘူး ..."

ထစ်ချုံးမာန် အလုပ်စာပွဲခုံဆီသွားရန် ထရပ်တော့ ထိုလူကစကားဆိုလာသည်။

"K ပ‌ရောဂျက်ကိုယူတာ စည်း ကုမ္ပဏီမဟုတ်ဘူး .. ခွန်း ကုမ္ပဏီကယူတာ .."

"သိတယ်လေ ... အဲ့တော့?.."

"တခြား ကုမ္ပဏီက ပရောဂျက်တွေကိုလည်းယူထားတယ် တရားမဝင်တာလည်းလုပ်သေးတယ် ငါသက်သေလုပ်ပေးနိုင်တယ် ...."

"ဘာ?...."

ဆိုဖာပေါ်ပျင်းရိပျင်းတွဲအိပ်ချလိုက်သော ထိုလူအား ထစ်ချုံးမာန် အံ့သြစွာကြည့်လိုက်သည်။ ဘယ်ကမှန်းမသိ ပေါ်လာပြီး သက်သေလုပ်ပေးမယ်ဆိုတာ သူကဘယ်လိုယုံလိုက်ရမှာတဲ့လဲ။ ခွန်း ကုမ္ပဏီ က သူလျှိုရောမဖြစ်နိုင်ဘူးလို့မပြောနိုင်ဘူးလေ ...။

"ခင်ဗျားဘယ်သူလဲ ဘယ်ကလဲတောင်မသိတာ ကျုပ်ဘယ်လို ယုံရမှာလဲ ...."

"......."

သူသတိထားမိတာတစ်ခုက သူဝင်လာကတည်းက ဘာမှမမြင်ရသေးတာဘဲ ။ ထိုလူရဲ့နောက်ကျောက ဗလာကျင်းနေကာ ထူးဆန်းနေခဲ့သည်။ ဆိုတော့ လူကောင်းလား ....။

"ငါ့နာမည်က ခွန်းစက္က ခွန်းကုမ္ပဏီ CEO ရဲ့သားဘဲ ..."

"ဟာ... သူ့သားက ဒီပုံစံ?.... လာနောက်မနေ!!..."

သူလှောင်ပြောင်ကာရယ်တော့မလိုဖြစ်နေချိန်တွင် ထိုလူ့အနောက်မှ ပုံရိပ်တစ်ချို့ကိုမြင်လိုက်ရသည်။ ထိုမြင်ကွင်းတို့သည် ....

ရေစက်Kde žijí příběhy. Začni objevovat