ရေစက် (15)

2.1K 80 0
                                    

"တင်း!.... တင်း!... တင်း!...."

ကြေးစည်လေးကို အသာလေးတီးကာဆွမ်းတော်တင်ခြင်းကို အပြီးသတ်နေမိသည်။ ဘယ်ဘဝက ဝဋ်ကြွေးတွေကြောင့် ဒီဘဝမှာ သက်တောင့်သက်သာကုသိုလ်လုပ်ဖို့ခွင့်မပြုနိုင်ရတာပါလိမ့်။
သိုးမွေးကြမ်းခင်းလေးပေါ်အသာထိုင်ရင်းတောင် ခြေ‌ထောက်က လှုပ်ရှားမရအောင်နာကျင်နေသည်။ ဆေးရုံသွား၊ ဓါတ်မှန်ရိုက်ပါသော်လည်း ဘာမှမဖြစ်ဘူးဆိုတာနှင့်သာပြီးသွားရသည်။ သူတကယ်ဘယ်လိုလုပ်မှ ဒီဘဝကနေလွတ်မှာလဲ..။

"တီး!... တီး!.. တီး!..."

"!!!....."

ကျယ်လောင်စွာကြားလိုက်ရသော စက်သံကြောင့် "စည်းစိမ်" ဘုရားအားအမြန်ရှိခိုးလိုက်သည်။ သို့သော်ကားသံက ပို၍ကျယ်လောင်လာကာ ကားကြီးတွေဖြစ်ပုံရသည်။

"အစ်!.. အစ်ကိုလေး!?.."

"!!. ဘာဖြစ်တာလဲ .. ဘယ်က ကားသံတွေလဲ .."

အမောတကောပြေးလာသော ဘကြီးစိုး၏တူမ အားမေးလိုက်သည်။ သူမက ရင်တုန်တုန်နှင့် ဖြေလာသည်က ...။

"အိမ်ရှေ့မှာ!.. အိမ်ရှေ့မှာ!....."

"!!!??...."

စည်းစမ် သူ့ကို အမြန်ထူခိုင်းကာ ဝှီးချဲပေါ်အသာထိုင်ပြီး အိမ်ရှေ့သို့ပို့ဆောင်စေလိုက်တော့သည်။ သူ့စိတ်ထဲ မွန်းကြပ်မှုနှင့် ပြန်ကြားယောင်သောစကားတစ်ခွန်း...။

"မုန်တိုင်းတွေနဲ့ပြန်လာခဲ့မယ်.."

အလိုလေး..။ ဒါများဖြစ်နေမလား။

အိမ်ရှေ့သို့ရောက်သွားချိန်တွင် တကယ်ပင် ထိုသို့ဖြစ်နေခဲ့သည်။အနက်ရောင် G Wagon ကားရှေ့တွင် ဟန်ပါပါမှီရင်း ရပ်နေသော တစ်စုံတစ်ဦး။ အနောက်မှာတော့ အဝါရောင် ဘက်ဟိုးကားနှစ်စီးက တန်းစီရပ်နေလို့ရယ်။

"ဒါ!.. ဒါဘာသဘောလဲ !..."

"ဟမ်း !.. ဒါလား... သေချာပေါက် အိမ်ဖြိုဖို့ပေါ့.."

"ဘာ?!..."

သူ့အား မျက်မှောင်ကြုတ်ကာဖြေလာသော ထိုကောင်လေး။ အရပ်မြင့်ကာထွားလာသူပီပီ သူကမော့ကြည့်နေရသည့်အဖြစ်။ ဒေါသတို့ထွက်နေပါသော်လည်း သူ့ဦးနှောက်က ဒါကသူသိခဲ့ဖူးတဲ့ "ကလေး"ဆိုတာကို ထပ်ခါထပ်ခါ သူ့အားအသိပေးနေခဲ့သည်။

ရေစက်Where stories live. Discover now