ရေစက် (39)

1.7K 62 6
                                    

"ဦးလေး ... ဖေဖေကဘယ်တော့ပြန်လာမှာလဲဟင် .."

သူ့အရှေ့မှ စာရွက်‌လေးကိုင်ကာပြောလာသော ကလေးမလေးကို စည်းစိမ် ခပ်ရေးရေးပြုံးရင်းပြန်ဖြေလိုက်သည်။

"ခဏနေပြန်လာတော့မှာပါ .. စောင့်လိုက်နော်..."

"ဟုတ်ကဲ့ ..."

"လိမ္မာတယ် .."

ပါးလေးတစ်ဖက်ကို ဆွဲစိတ်လိုက်ပြီး သဘောတကျရယ်လိုက်မိသည်။ သူ့ကြောင့်ဖြစ်တာကိုသိရပြီးနောက်ပိုင်း အနိုင် ကို အပြစ်တင်မိတာတောင် နောင်တရမိသည်။ သူ့ကြောင့် ချစ်ရသူကိုဆုံးရှုံးခဲ့ရတာလေ ။
သို့သော်လည်း ကိစ္စတွေပြီးသွားသည့်နောက်ပိုင်း အနိုင်က သူ့ကိုအပြစ်မတင်သည့်အပြင် အလုပ်ကိုအရင်အတိုင်းလက်ခံလုပ်ပေးနေသေးသည်။ ကုမ္ပဏီကို စီမံနိုင်ပြီဖြစ်သော်လည်း သူ့ခြေထောက်ဝေဒနာကြောင့် ဝှီးချဲသုံးနေရတုန်းဖြစ်သည်။
ဒါတွေက မာန် ကြောင့်ဘဲ။ မာန့် ကြောင့်သာသူကောင်းကောင်းနေရတာ ။ အနိုင် အသက်ဆက်နိုင်ခဲ့တာလည်း သူ့ကြောင့်ဘဲ ။ ကျေးဇူးတင်ကြောင်းမပြောနဲ့ ခါးခါးသီးသီးတောင် ဆက်ဆံလိုက်သေးတယ် ။ သူဘာကြောင့်လုပ်လိုက်မိမှန်းလည်းမသိတော့ပေ ။

"ဦး .. သီချင်းဆိုသိပ်ပါလား ... အိပ်မရလို့ .."

ကလေးငယ်ငယ်တွေက နေ့လည်ဘက်တစ်နာရီလောက်ပေးအိပ်သင့်သည်မို့ သူမငြင်းနိုင်တော့ပေ ။ အနိုင် ပြန်လာဖို့ကလည်း ကြာဦးမှာဆိုတော့ သမီးလေးကို သူသိပ်ရတော့မည်။

"လာ ... ဒီမှာအိပ်ပြီးနားထောင်‌နော် .."

"ဟုတ် ဦးဦး .."

နှုတ်ခမ်းကော့ညွန့်သည်အထိပြုံးလိုက်ကာ ဆိုဖာပေါ်အလိုက်တသိလှဲချလိုက်သော ယဥ်ယဥ် လေး။ ခေါင်းလေးကိုအသာပုတ်ရင်း ချော့သိပ်ဖို့ပြင်လိုက်သည်။

"အိုး ... မင်းမျက်နှာလေးဘဲ ...

ကိုယ်နေ့တိုင်းအမြဲတမ်းငေးကြည့်မိခဲ့ ...

ရင်ထဲက မင်းကိုချစ်တဲ့စကားတွေလည်း..

ကိုယ်ဘာကြောင့်ပြောဖို့သိပ်တွေဝေနေသလဲ ......

သက်ပြင်းလေးမင်းရှေ့နားမှာ ရှိုက်နေဆဲ ...

ဒါကိုလည်း သိနိုင်လိမ့်မယ်ကိုယ်မထင်ဘူး ..အိုး ...."

ရေစက်Where stories live. Discover now