ရေစက် (11)

2.3K 91 3
                                    

"ဝီးဝူ ဝီးဝူ!..."

အဆင့်မြင့်‌အရေးပေါ်ကားကို ကျော်ကာ ခွန်းစက္က အမြန်မောင်းနှင်နေသည်။ သူဒီလိုလုပ်တာ သူ့အဖေသေချာပေါက်သိပေလိမ့်မည်။ ထို့ကြောင့်သူအမြန်ထွက်ပြေးရမည်။ သူ့လုပ်ရပ်အတွက်ထိုကောင်လေးကို ထိမှာတော့မဟုတ်ဘူးမလား။
အမြန် အပန်းဖြေကွန်ဒိုသို့မောင်းသွားလိုက်သည်။ သူ့စိတ်ထဲ မူမမှန်တာတစ်ခုခုရှိနေသည်။ တစ်ခုခုကိုမေ့လျော့နေသလို။ သို့သော် ဘာလဲဆိုတာလည်းသူမသိ။

"!!!..."

ကုတင်ပေါ်ကနေသူ့အား မျက်နှာသေနှင့်ကြည့်လာသောမျက်ဝန်းတစ်စုံ။

"ထပြီး ငါ့နောက်လိုက်ခဲ့ .. မင်းအစ်ကိုဆီပြန်ပို့ပေးမယ်..."

"......."

မထတဲ့အပြင်သူ့ကိုလျစ်လျူရှုနေသောထိုကောင်လေးကြောင့် ခွန်းစက္က စိတ်မရှည်တော့ပေ။ သေးသွယ်သောလက်ကောက်ဝတ်အားဖမ်းဆွဲကာ ထိုကွန်ဒိုမှထွက်လာခဲ့တော့သည်။

"ဒိုင်း!!..."

"!!!??.."

ကျယ်လောင်သောပစ်ခတ်သံတစ်ခုကိုကြားလိုက်ရသည်။ ဒီလောက်မြန်မြန်ရောက်လာကြတာလား။

"ဟေ့ !.. ဟိုခွေးကောင်!...."

"!! ဟေ့!.. ဟေ့!... စည်းအလျား!!.."

မြေအောက်အဖွဲ့အစည်းကလူတွေဖြစ်နေကာ စည်းအလျား အားဖမ်းရန်ရောက်လာခြင်းဖြစ်ပေမည်။ သို့သော် ထိုခွေးသားလေးဟာ သူ့ကိုထားပြီးတစ်ဖက်ကိုပြေးသွားခဲ့လေပြီး...။

ပြေးလိုက်ရန်ပြင်နေသော ထိုအုပ်စုအား သူတားရပေမည်။ ဒါဟာ သူလုပ်ပေးနိုင်တဲ့ နောက်ဆုံးအခွင့်အရေးပင်။
ပြေးစမ်း.... ‌ဒီမြို့နဲ့ဝေးနိုင်သမျှ ဝေးအောင်ပြေးပေတော့။ မင်းအစ်ကို မင်းကိုစောင့်နေတယ် စည်းအလျား...။

"!...."

10 ယောက်နီးပါးရှိသော ထိုအဖွဲ့ကို သူဘယ်လောက်ကြာကြာတားနိုင်မည်နည်း။ ပြီးတော့ ကိုင်ထားတာ အရုပ်တုတ်မဟုတ်ဘဲ သံတုတ်တွေလေ...။
မိနစ်မနည်းငယ်တိုက်ခိုက်မှုအပြီး သူမောပန်းစပြုလာသည်။

"သေချင်တယ်ပေါ့ အဲ့ကောင်လေးကို လွတ်အောင်လုပ်ပေးတယ်?..."

"!!!..."

ရေစက်Where stories live. Discover now