ရေစက် (37)

1.6K 56 1
                                    

သူ့ကျောပေါ်က ဒဏ်ရာကိုတောင် ဆေးခန်းမပြဘဲ အိမ်ထဲဝင်လာသော ထစ်ချုံးမာန် ။

"ဘေဘီ .. ဘာဖြစ်လာတာလဲ ဟမ်း .."

သူ့အဖေကိုကျော်တက်ရာကနေ အဖေဖြစ်သူက မြင်၍မေးလာခြင်းဖြစ်ပေမည်။သေနတ်ကိုင်ထားလျက်ပင် ပြန်လှည့်ကြည့်ကာမေးလိုက်သည်။

"မာမီဘယ်မှာလဲ .."

"မာမီရှိတယ်လေ .. အရင်ဆုံး ရှင်းစမ်းပါ.. ဘာဖြစ်လာတာလဲ ဟမ်း .. ဆေးရုံသွားရအောင် သွေးတွေထွက်နေတယ် ..."

စိုးရိမ်စွာပြောလာ‌သော ဖခင်ဖြစ်သူကို မာန် ဂရုမစိုက်အားပေ ။အခု သူ ဦး ကိုတွေ့ဖို့ပိုအရေးကြီးသည်။

"မာမီ !!!.. မာမီ ..!!. ဘယ်မှာလဲ !... စကားပြောရအောင်!! ...မာမီ .."

တစ်အိမ်လုံးဟိန်းထွက်သွားအောင်ခေါ်နေသော ထစ်ချုံးမာန် ကိုဖခင်ဖြစ်သူက ကြောင်တောင်တောင်ကြည့်နေရသည်။ သူအိမ်မှာမရှိတဲ့အတောအတွင်း ဒီသားအမိ ဘာတွေဖြစ်နေတာလဲ ။သူ ဖုန်းကိုထုတ်ကာ မိသားစုဒေါက်တာကိုဆက်သွယ်လိုက်သည်။ သူ့သားက ဆေးရုံကိုအရမ်းမုန်းတာလေ ။

"အရင်ဆုံး .. စိတ်အေးအေးထားပါဦး .. ဘာဖြစ်လာတာလဲဆိုတာ ဒယ်ဒီကို ရှင်းပြဦးလေ ..."

"မာမီလာရင် သိလိမ့်မယ် ..."

"ဟမ်း ... မာမီနဲ့ပါ ပတ်သတ်နေတာလား .."

သူ့သားရဲ့ ဒီလောက်ဒေါသတကြီး ခက်ထန်နေတာကိုမမြင်ဖူးခဲ့ပေ ။ အထူးသဖြင့်မိဘ အပေါ်ကိုခက်ထန်တတ်သည့်လူမျိုးမဟုတ်။ သို့သော် ဘာကိစ္စကများ မိဘတွေအပေါ် ခက်ထန်အောင် လုပ်လိုက်တာများလဲ ။

"ဘာတွေ ဒီလောက်ဆူညံနေရတာလဲ သားမာန် .."

လှေကားပေါ် ဟန်ပါပါဆင်းလာသော မိခင်ဖြစ်သူ ဒေါ်ပန်ရာ ကိုမြင်တော့ မာန့် မှာမေးချင်စိတ်တွေထိန်းမရတော့ပေ။

"ဦး ဘယ်မှာလဲ ... "

"ဘယ်က ဦး လဲ ... "

ကြောင်တောင်တောင်ဖြစ်နေသော မိခင်က သိပ်ကို ဟန်ဆောင်ကောင်းလှသည်။ သူမကို ကြင်နာတတ်ပြီး သူ့ကိုနားလည်ပေးနိုင်တဲ့ မိခင်မျိုးလို့ထင်ထားခဲ့တာ ။

ရေစက်حيث تعيش القصص. اكتشف الآن