ရေစက် (35)

1.7K 60 0
                                    

"ဒါဘယ်လဲ .."

မာထန်ထန်အသံတစ်ခုက နောက်ကျောဘက်ဆီကနေ ထွက်လာသည်။ စည်းစိမ် လှည့်မကြည့်ရင်တောင် အေးစက်စက်ခက်ထန်နေသော ထစ်ချုံးမာန် ကိုမြင်ရပေလိမ့်မည်။ ခရီးဆောင်အိတ်ကို ထပ်ဆွဲရင်း တံခါးမကြီးကို ကျော်ရန်ပြင်နေစဥ် ။

"သိပ်ကို ရဲတင်းနေတယ်ပေါ့ ဟုတ်လား ဦးစည်းစိမ် ..."

သူ့လက်ကောက်ဝတ်ကို အကြမ်းပတမ်းဆွဲကိုင်လာပြီး ဒေါသတကြီးပြောနေသော ထစ်ချုံးမာန် ။

"မနေဘူး .. ငါပြန်မယ် ... ငါ့အိမ်ကိုငါပြန်မယ် .."

"ဘယ်သူ့သဘောနဲ့လဲ ... ခင်ဗျားမသွားရဘူး .."

သူ့ရှေ့ ပိတ်ရပ်ကာပြောလာသော ထစ်ချုံးမာန် ကိုစူးစိုက်ကြည့်လိုက်ပြီး လက်ဖဝါးကြီးဆီမှ မိမိလက်ကောက်ဝတ်ကို ဆွဲယူလိုက်သည်။

"လာတုန်းကလည်း ငါ့သဘောမဟုတ်ခဲ့ဘူးလေ မင်းအတင်းခေါ်လာတာ အခု ငါ့သဘောနဲ့ ငါ့ပြန်မယ် .."

"ဘာလို့နားမလည်ရတာလဲ ဟမ်း .. ခင်ဗျား လုံခြုံဖို့လေ ... အန္တရာယ်ကင်းကင်း နေထိုင်နိုင်ဖို့အတွက်ခေါ်လာတာလေ "

"လုံခြုံဖို့ ?... အဲ့အန္တရာယ်တွေထပ် မင်းရဲ့ ချုပ်နှောင်မှုကို ပိုကြောက်နေရတယ် ဆိုတာ မင်းသိလား "

"ဟော် .. သိပ်ချစ်မိလို့ ခြံခတ်ထားတာ ကျုပ်အပြစ်လား "

"ငါနွား မဟုတ်ဘူး မာန် ရဲ့ .. ခြံခတ်တဲ့ဒဏ်ကိုခံနိုင်တဲ့ နွားမဟုတ်ဘူး ... လူ .. လူတစ်ယောက် .."

"....."

သူ့ကို မျက်မှောင်ကြုတ်ကာထပ်ရပ်ကြည့်နေသည့် မာန် ကို စေ့စေ့ကြည့်လိုက်သည်။ အစက ဒီလောက်မဟုတ်သော်လည်း အခန်းပြင်တောင်ထွက်မရတော့တာကို ဘယ်သူက သည်းခံနိုင်တော့မှာလဲ ။ ဘာမှမလုပ်နိုင်ဘဲ ဒုက္ခိတ တစ်ယောက်လိုနေလာတာ ၁၀နှစ်ကျော်တော့မယ်။ သူများလုပ်စာကိုဘဲ စိတ်ဖြောင့်ဖြောင့်ထိုင်စားရအောင်လည်း ခြေလက်တွေအကောင်းချည်းရှိသေးတယ် ။ သူ့ကြောင့် မာန် ပင်ပန်းခဲ့တာကိုလည်း မေ့ထားလို့ရမယ်တဲ့လား ။

"မင်းရဲ့ ဒီလို ချုပ်ချယ် အမိန့်ပေးမှုတွေကြားမှာ ငါမနေနိုင်ဘူး ထစ်ချုံးမာန် .."

ရေစက်Where stories live. Discover now