ရေစက် (18)

1.9K 77 4
                                    

ညအမှောင်ဟာ တဖြည်းဖြည်းသန်းခေါင်ယံသို့ရောက်ရှိတော့မည်။ မှိန်ပြပြအလင်းရောင်ဟာ လမ်းကိုတောင် မြင်နိုင်အောင်စွမ်းဆောင်နိုင်ခြင်းမရှိပေ။

"မလုပ်ပါနဲ့!... ကျွန်တော်တို့က ခိုင်းတဲ့အတိုင်းလုပ်ရတာပါ !...."

ဘေးမှ သွေးအလိပ်လိပ်တို့နှင့်  ပုံနေသော လူတစ်စုကြောင့် ထိုလူဟာ ထိတ်လန့်ကြောက်ရွံ့နေသည်။ ဖုံတွေနှင့် ဖုံးလွှမ်းနေသော ထိုဂိုဒေါင်အတွင်းတွင် အနံ့သက်ကလည်း သိပ်မကောင်းလှပေ။

"ခိုင်းတဲ့အတိုင်းက .. ငါ့ငွေတွေဘယ်လောက်ကုန်သွားလဲ သိလား...."

"တောက်!.. တောက်!..."

သံတုတ်ပေါ်မှ နီရဲရဲသွေးတွေက မြေပြင်ပေါ် တစ်တောက်တောက်ကျနေခဲ့သည်။ သူဟာ ဆံသားတို့ကို စုချည်ထားပြီး ပါးပေါ်မှ သွေးစက်တို့အား အနက်ရောင် ပုဝါနှင့်ဖြည်းဖြည်းချင်းသုတ်နေခဲ့သည်။ ထိုမဟူရာလို မျက်ဝန်းကတော့ ဒေါသကြောင့် တောက်လောင်နေလို့ရယ်....။

"ဘယ်သူခိုင်းတာလဲ ... ခွန်း ကုမ္ပဏီ ကလား...."

အနောက်ဘက်မှ လူတစ်ဦးက အနက်ရောင် ဘီစတိုသေနတ်ကိုကိုင်ကာ စတီးခုံပေါ်ခြေပစ်လက်ပစ်ထိုင်လိုက်သည်။ ခေါက်တင်ထားသော သန်မာသည့်လက်ပေါ်တွင် အဆိပ်ပြင်းပြင်းမြွေတက်တူးက အထင်အရှားပေါ်နေခဲ့သည်။

"ဟုတ်ပါတယ် ဟုတ်ပါတယ် !... သူတို့က ခိုင်းတာပါ ... M Company ရဲ့အချက်အလက်တွေကို များများစုနိုင်လေ ငွေများများပေးမယ်ပြောလို့လုပ်မိတာပါ!.. "

ထိုလူဟာ အကြိမ်ကြိမ်တောင်းပန်ငိုယိုနေခဲ့သည်။ သို့သော် ရှေ့မှ လူနှစ်ဦးက ဂရုစိုက်ပုံမပေါ်ပေ။

"အင်အားကြီးတဲ့လူတစ်စုကို ဘယ်လိုဖြိုခွဲရမလဲ သိလား..."

"!!!....."

အေးစက်စက်မေးခွန်းနောက်တွင် သူရှေ့တစ်လှမ်းတိုးလိုက်သည်။

"အမြစ်ကနေမသိအောင် တစ်ဖြည်းဖြည်းချင်း ခုတ်ယူရတာ!..."

"အင့် !....."

အားပါပါလွဲရိုက်ချခံလိုက်ရသော ထိုဦးခေါင်းမှာ သွေးတွေပန်းထွက်ခဲ့သည်။ ကြမ်းပြင်ပေါ် သွေးတဂွမ်းဂွမ်းနှင့်လှဲကျသွားတာကို သူရပ်ကြည့်နေမိသည်။ ငါ့အဖေကို ကတိပေးထားတာ။ ငါ့လက်ထဲမှာ စီးပွါးရေးနည်းနည်းတောင်အပျက်မခံနိုင်ဘူး!..။

ရေစက်Where stories live. Discover now