ရေစက် (31)

1.8K 74 2
                                    

အရက်ပုလင်းမြောက်များစွာထဲမှာမှ  ငွေရောင်ဖန်ပုလင်းနှင့် ဝီစကီ ကိုယူလိုက်သည်။

“My snowman and me ….”

သီချင်းလေးငြီးရင်း ဝီစကီခွက်ကို ကိုင်ထားသော ထစ်ချုံးမာန် ...။ အနက်ရောင် လည်စည်း ကို အသာဆွဲချွတ်လိုက်ပြီး ဝီစကီ ကိုအရသာခံလိုက်သည်။ သူဒီနေ့အတော်ပျော်သည်လေ ။ နှိပ်စက်ချင်တဲ့သူကို နှိပ်စက်လိုက်နိုင်တော့ ဘယ်သူမဆိုပျော်မှာပါဘဲ...။
သူကျေနပ်စွာ ပြုံးနေမိတော့သည်။ ဒါနဲ့ သူပြန်လာကတည်းက ဦး ကိုမတွေ့ပါလား ။
ဝီစကီခွက်လေးကို ခုံပေါ်အသာချရင်း ထွက်လာတော့သည်။

“ဦး ..”

တံခါးကိုအသာဖွင့်ကာ ကြည့်တော့ ရှိမနေပေ ။ နေ့ခင်းကြီး ဘယ်သွားနေတာလဲ ..။ သူမျက်မှောင်ကြုတ်လိုက်ပြီး တစ်ထပ်လုံးကိုလိုက်ရှာတော့သည်။ သို့သော် သူမတွေ့ပေ ။ သူ့စိတ်တွေက လုံးဝကို ရှုပ်ထွေးသွားရပြီး အလိုမကျမှုက စတင်ဝင်လာတော့သည်။
အိမ် ကို သူ့ဘာသာ ပြန်သွားတာတော့ မဟုတ်ဘူးမလား ။

“ကျစ် ... မျက်နှာတစ်ချက်လွဲလိုက်တာနဲ့ ပျောက်တော့တာဘဲ ...”

ဒေါသတို့ထွက်လာတာ လူလွတ်ပြီးရှာခိုင်မို့ မိမိအခန်းသို့ရောက်လာခဲ့သည်။ တွေ့မှ အိမ်ထဲထည့်ပိတ်ထားဦး မည်။

‘!!!..”

မိမိ၏ကုတင်ထပ်ကျောပေးထိုင်နေသော လူတစ်ဦးကိုတွေ့လိုက်ရသည်။ မျက်နှာမမြင်ရရင်တောင် ဘယ်သူမှန်း တန်းသိသည်။

“ဦး ...”

“.....”

ညိုလွလွ မျက်ဝန်းက ဖြည်းညင်စွာလှည့်ကာကြည့်လာခဲ့သည်။ ခပ်ပါးပါးနှုတ်ခမ်းပါးကလည်း ခပ်ရေးရေးပြုံးနေသည်။ နူးညံ့ကာသေးသွယ်သောလက်ကလေးပေါ်မှာတော့ မိမိ၏ ရှပ်အကျီလေး ။

“ပြန်ရောက်ပြီလား ....ကလေးက ကိုယ့်ကိုလာမရှာတော့ ကိုယ်ကဘဲရှာရတာပေါ့ ...”

“ကျွန်တော် တစ်အိမ်လုံးရှာလိုက်ရတာ ... ဦး ထွက်သွားပြီတောင်ထင်ထားတာ..”

မာန့် အနေနဲ့ အတော်လေး အလုပ်ရှုပ်မည်မှန်း စည်းစိမ် သိသည်။ သူဘာလို့ ဒီအခန်းထဲရောက်နေရသလဲ သူမသိသလို ဘယ်လိုအဖြေပေးရမည်လဲ သူမသိပေ ။  ကိုယ်ကတွေ့ချင်တာကို သူကအိမ်မှာတစ်ချက်တောင်မကပ်ရဘူးလေ ။ အခုတွေ့ပြန်တော့လည်း‌ ခြေမကိုင်မှီ လက်မကိုင်မီ ဖြစ်နေခဲ့သည်။

ရေစက်Where stories live. Discover now