ရေစက် (20)

2K 79 2
                                    

"အို... ဒကာလေး စည်းစိမ် ပါလား?... လာလာ..."

ဝှီးချဲနှင့် ဖြည်းဖြည်းချင်း လာနေသော စည်းစိမ်အား ဆရာတော်က လှမ်းခေါ်လိုက်သည်။ မျက်ဝန်းမှာလည်း စိုးရိမ်ပူပန်မှုအပြည့်နှင့်ရယ်။

"ဘုန်းဘုန်း .. ကလေးရဲ့မိဘတွေရောရှိသေးရဲ့လားဘုရား..."

ဘုန်းဘုန်းက ပုတီးစိတ်နေရာကနေ ရပ်လိုက်ပြီး သူ့အား လေးပင့်စွာ ကြည့်လာခဲ့သည်။ ပြီးနောက်သက်ပြင်းချပြီး စကားဆိုလာခဲ့သည်။

"ညဇီးကွက်လေ .... ကားအက်စီးဒင့်ထပ်ဖြစ်ပြန်ပြီတဲ့..."

"ဗျာ!!!..."

သူထင်နေသလိုပင်။ ကလေး ထပ်ပြီး အန္တရာယ်ကျရောက်ရပြန်ပြီး ...။

"အဲ့ဒါကြောင့် ဒီမနက်တင် အလောတကြီးပြန်သွားကြပြီ တကာလေး..."

"ဘာလို့ထပ်ပြီးတော့လဲ....သူ့ကံဇာတာကအရမ်းကောင်းတယ်မလား ဘုရား...."

တည်ငြိမ်အောင် အတင်းလုပ်ဆောင်နေပေမဲ့ သူ့အသံတွေတုန်ယင်နေတုန်းပင်။

"အင်း ... သူကကောင်းတယ် ... တကာလေးကသာမကောင်းတာကွဲ့ ..."

"ဘာအဓိပ္ပါယ် !!!?....."

သူထပ်ပြီးမေးမယ်ပြင်တုန်းမှာပင် ဦးနှောက်က ရုတ်တရပ်အသိပေးလာသည်။ သူ့ကြောင့်လား..။ သူ့ကြောင့် ကလေး ဒီလိုထပ်‌ဖြစ်သွားတာလား။

"သူသာတကာလေးကို မှတ်မိလာရင် အဆင်ပြေသွားလိမ့်မယ် .... ရေစက် ဆိုတာ ဆိုးအတူ ကောင်းအတူခံစားရမှာဘဲ တစ်ချိန်ကျရင် ကံကောင်းခြင်းတွေရောက်လာလိမ့်မယ်...."

"........."

ကံကောင်းခြင်း?။ သူ့ကြောင့်ဒီလိုဖြစ်နေတာ ကံကောင်းခြင်းတွေရောက်လာရင် တိုက်တန်တယ်လို့သူခံစားမိပါ့ဦးလား။ မတန်လိုက်တာ....။
သူကသာ ကလေးရဲ့ တက်လမ်းအတွက် အန္တရာယ်ကောင်ဖြစ်နေတာကိုး...။

~~~~~~~

အထပ်ပေါင်းများစွာနှင့် လှပသောဒီဇိုင်းဖြင့် တည်ဆောက်ထားသော Khon(ခွန်း) ကုမ္ပဏီတွင်ဖြစ်သည်။ နိုင်ငံတကာ စီးပွါးဖလှယ်ရေး ကျင်းပသော ပြင်သစ် အစည်းအဝေး တွင် အာဏာစက်ဝန်း‌ ရောက်နေသည်။

ရေစက်Where stories live. Discover now