ရေစက် (10)

2.4K 90 3
                                    

မနက်စောစောစီးစီး ခွန်းစက္က ခေါင်းမီးတောက်နေသည်။ ဘာလို့ဆို မနက်လင်းတာနဲ့ အိမ်ထဲလူမရှိအောင် စောစက်ဝိုင်း ကို တစ်ခုခုလုပ်ဖို့ပြောထားသည်မလား။ သို့သော် စောစက်ဝိုင်း ကိုသူမတွေ့ရသေးပေ။ ဖုန်းလည်း ဆက်လို့မရ..။

"ကျစ်!... ဘယ်တွေရောက်နေတာလဲကွာ...."

ဖုန်းနံပါတ်ကို ထပ်နိတ်ကာ ထပ်ဆက်လိုက်သည်။

~~~~~~~~~~

တီး တီး တီး !!
ဖုန်းမြည်သံက ကျယ်လောင်စွာထွက်ပေါ်လာခဲ့သည်။ လိမ္မော်ရောင်မီးသီးအောက်မှာ လူတစ်ယောက်က မြင်မကောင်းအောင် လှဲလှောင်းနေခဲ့သည်။ ဖြူလွလွခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာဒဏ်ချက်တွေအပြည့်နှင့် သွေးတွေထွက်နေခဲ့သည်။ ဘယ်လက်မှ အဝါရောင်ကြိုးလေးဟာ ‌နီရဲရဲသွေးတွေကြောင့် မလှမပဖြစ်လို့ရယ်။

"......."

တုန်ယင်နေသော သွေးစတွေနဲ့ လက်ဟာ ဖုန်းကို လက်လှမ်းနေခဲ့သည်။ အချိုးခံထားရသော လက်ဟာ လှုပ်ရှားနိုင်ခြင်းမရှိ သွေးကွက်တွေပေါ်မှာ ငြိမ်သက်နေခဲ့သည်။
အစိမ်းရောင်ခလုတ်‌‌ေလးကို နိတ်လိုက်သည်နှင့် ပြတ်သားစွာထွက်ပေါ်လာသော စကားသံ။

"မင်းဘယ်မှာလဲ ဟမ်း?.. ဖုန်းကိုဘာလို့အခုမှကိုင်ရတာလဲ... အဲ့ဘက်မှာ အခြေအနေဘယ်လိုရှိလဲ..."

"......."

"စောစက်ဝိုင်?.. ရှိနေလား... ငါပြောတာကြားလား!..."

"ကျွန်တော် .. အခုလမ်းမှာ... သူတို့ကို ... ဆွဲထားမှာမို့..လို့... သခင်လေးလုပ်စရာရှိတာလုပ်...."

"ဟုတ်ပြီ ... ငါအခု လှုပ်ရှားတော့မယ်...."

ကျသွားသောဖုန်း သံနောက်တွင် သူ့စိတ်အားလုံး ပါသွားရသည်။ သူအချိန်မှီသွားမှဖြစ်မှာ ။ ‌သို့သော် လောလောဆယ် သူ့ခန္ဓာကိုယ်က အလုပ်မလုပ်ချင်တော့။
သူတုန်ယင်စွာ နာကျင်မှုတို့ကို အံတုကာထရန်ပြင်လိုက်သည်။ နောက်ဆုံး.....
ဒါနောက်ဆုံးဘဲ .... နောက်ဆို... သခင်လေးကို သူကာကွယ်နိုင်တော့မှာ မဟုတ်ဘူး...။

~~~~~~~~~~~

ခွန်းစက္က အိမ်ထဲလှည့်ပတ်ရှာနေသည်။ သူတစ်မနက်လုံးရှာနေပါသော်လည်း သဲလွန်းစလေးတောင်မတွေ့ပေ။ ဘယ်မှာထားထားကြတာများလဲ။
မောမောနှင့် ဆိုဖာပေါ်ထိုင်လိုက်သည်။ တစ်ချိန်ထဲမှာဘဲ အတွေးထဲ ဝင်လာ‌ေသာတစ်စုံတစ်ခု။
သူငယ်ငယ်ကမြေအောက်ခန်းဆိုတာကိုတွေ့ဖူးခဲ့သည်။ ဘာရှိလဲဆိုတာတော့ သူမသိရပေ။ ထို့ကြောင့် ခွန်းစက္က အိမ်ပြင်သို့ထွက်လာကာ ခြံနောက်သို့ ရောက်သွားတော့သည်။ အိမ်အနောက်ဘက်ကို သျှိုသျှိုတိတ်တိတ်ထွက်လာပြီး မြေအောက်ခန်းအားရှာလိုက်သည်။ ညီညာနေသောထိုမြက်ပင်တွေကြောင့် ခွန်းစက္က စိတ်ရှုပ်သွားရသည်။

ရေစက်Where stories live. Discover now