ရေစက် (32)

1.7K 66 0
                                    

"ခလင်း .!! ခွမ်း .!!ဝုန်း !!!. အား !!!.."

ကျယ်လောင်သော ပစ်ချအသံတွေအဆုံးမှာ ဒေါသထွက်ပြီး အော်ဟစ်နေသံကပ်ပါလာခဲ့သည်။ ကြမ်းပြင်ပေါ် ပစ္စည်းတွေကွဲကြေ ပြန့်ကျဲနေကာ ခြေချစရာနေရာတောင် ရှိမည်မထင်ပေ။

"ငါအကြိမ်ကြိမ်သတ်နေတာတောင် ခွေးမသားက မသေနိုင်ဘူး .. "

လူကြီးတစ်ယောက်ရဲ့အသံက ပြတ်သားစွာထွက်ပေါ်လာသည်။ သို့သော် အပြင်မှ အစေခံတစ်ချို့ကတော့ ကိုယ့်အိတ်ကိုယ်ယူကာ တစ်ယောက်ချင်းစီ တဖြည်းဖြည်းထွက်သွားကြတော့သည်။ ပရောဂျက်တွေ ရုတ်သိမ်းခံလိုက်ရပြီး ရင်းနှီးသူတွေလည်း ထွက်သွားကြသည်မို့ အကြွေးထဲ နှစ်နေတော့သည်။ ကုမ္ပဏီ ရော အိမ်ကိုရောအသိမ်းခံရတော့မည်း ဦးခွန်း ကဒေါသရော ခံပြင်းမှုကိုပါခံစားနေရသည်။

"ရောက်လာပြီလား ... "

"......"

အနက်ရောင် ဟော်ဘီကိုခေါင်းစွပ်စွပ်ထားပြီး မျက်နှာမမြင်ရအောင် မက်စ် တပ်ထားသော လူတစ်ဦးက ထိုအခန်းထဲ တဖြည်းဖြည်းဝင်လာခဲ့သည်။

"ငါ့ပိုင်ဆိုင်မှုက ဒီလောက်နဲ့မကုန်သွားဘူး ... မင်းလိုချင်တဲ့ ပမာဏ ကိုငါပေးမယ် .. ထစ်ချုံးမာန် ဆိုတဲ့သူကိုသွားသတ်ပေး .. ရအောင်သတ်ရမယ် ..."

"....."

ရှေ့ချလာသော အနက်ရောင် အိတ်ကြီးထဲမှ ဒေါ်လာအပြည့်ကိုမြင်လိုက်ရသည်။ ထို့နောက် အိတ်ကိုအသာဆွဲရင်း....။

"ခွန်းစက္ကဆိုတဲ့ သားကိုလည်း ထပ်သတ်ခဲ့ .."

"..."

သူ့မှာဘာသားမှမရှိတော့တာ ကြာပေါ့ ။ ငွေအတွက် ဂုဏ်သိက္ခာအတွက် သူ့အသွေးအသားကိုတောင် နှမြောမည့်သူမဟုတ်ပေ။

ငွေထုတ်ကို ဆွဲရင်းထိုအိမ်မှထွက် သွားတော့သည်။

"မာန် ရော .. တွေ့မိကြလား ..."

အိမ်အကူကိုမေးနေသော စည်းစိမ် ။ သို့သော် ခေါင်းသာ ခါပြလာသော လူတွေကြောင့် သူ့မှာမပျော်နိုင်ပေ ။ ဒီမနက် နိုးလာကတည်းက သူ့စိတ်က လန်းဆန်းမှုမရှိသလို လေးလံနေခဲ့သည်။ ဒါဟာအရင်ကလို ခံစားမှုမျိုးမို့ သူသိပ်မပေါ့ဆရဲတော့ပေ ။

ရေစက်Where stories live. Discover now