ရေစက် (22)

2K 77 2
                                    

"အစ်ကိုလေး!.. အစ်ကိုလေးရေ..."

ထွန်း က အလောတကြီးပြေးလာကာ အော်ခေါ်နေခဲ့သည်။ စည်းစိမ် သောက်လက်စ ရေနွေးကြမ်းလေးကို ခုံပေါ်အသာတင်ရင်း ကြည့်လိုက်သည်။

"ဘာဖြစ်လာတာလဲ ထွန်းရဲ့..."

"အစ်ကိုလေးအောက်ကို သွားကြည့်တာကောင်းမယ်"

"ဘာဖြစ်လို့လဲ ..."

"ကျွန်တော်ခေါ်သွားမယ်..."

"??!...."

ဝှီးချဲကို အသာတွန်းကာ အိမ်ရှေ့သို့ စည်းစိမ် ရောက်လာခဲ့သည်။

"ဘယ်ကကလေးလဲ?..."

တံခါးရှေ့မှာ သိုးမွေး‌ပိတ်စခင်းပြီးအိပ်‌ေပျာ်‌ေန‌ေသာဝဝကစ်ကစ် ကလေးလေးကို စည်းစိမ် တွေ့လိုက်ရသည်။ ကလေးက အိပ်ပျော်နေခဲ့ကာ ရင်ဘတ်တွင် နီရဲရဲအစွန်းအထင်းတွေနှင့် စာရွက်ကလေးတစ်ရွက်က ပါနေသေးသည်။ စည်းစိမ် စာရွက်ကလေးကို ကောက်ယူကာဖတ်လိုက်သည်။ 

"အနိုင်?..."

သေသပ်လှပစွာရေးတတ်သော လက်ရေးကို စည်းစိမ် မှတ်မိသည်။ သို့သော်အခုအခါမှာတော့ သေသပ်ခြင်းမရှိဘဲ အားယူရေးထားရသောပုံစံမျိုးဖြစ်နေသည်။ စာကလည်း "အနိုင်" ဆိုပြီး နှစ်လုံးသာ ရေးထားသည်။ ထိုအခါမှ စည်းစိမ် သတိရတော့သည်။ အနိုင် ရဲ့အမျိုးသမီးက ကိုယ်ဝန်နဲ့လေ။
ပြီးတော့ဒီကလေးက အနိုင်ရဲ့ ကလေးပင်ဖြစ်ရမည်။ ဒါဖြင့် သူ့အမေရော ....။

"ထွန်း!... ဟိုဘက်ရပ်ကွက်မှာလေ .. ဆင်ရဲသားရပ်ကွက်မှာ တစ်ချက်သွားပြီး စုံစမ်းပေးစမ်းပါ...."

"ဟုတ်ကဲ့ ကျွန်တော်သွားလိုက်မယ်..."

" အင်း မြန်မြန်ပြန်လာချေ..."

"ဟုတ်ကဲ့...."

ထွန်း ထွက်သွားပြီးသည်နှင့်  စည်းစိမ် ကလေးကို အိမ်ထဲသို့သယ်လာလိုက်သည်။ ပါးဖောင်းဖောင်းနှင့် ဖအေတူသမီးလေးကို စည်းစိမ် တစ်ချက်ကြည့်လိုက်သည်။ ဘာတွေဖြစ်ခဲ့တာလဲ ။
နှစ်တွေအကြာကြီးပျောက်သွားပြီးမှ အခုပြန်ပေါ်လာတော့ ဒီလိုပုံစံတဲ့လား။

"!!!..."

စာရွက်လေးကို အနံ့ခံကြည့်မိတော့ သွေးတွေဘဲဆိုတာ စည်းစိမ် သိလိုက်ရသည်။ သူ့စိတ်တွေရှုပ်ထွေးလာကာ ဘာလုပ်လို့လုပ်ရမှန်းတကယ်မသိတော့ပေ။ ဒီသွေးတွေက ကလေးအမေရဲ့သွေးတွေ မဟုတ်လောက်ဘူးမလား။

ရေစက်Where stories live. Discover now