ရေစက် (27)

1.8K 73 0
                                    

အေးစက်စက်လေစိမ်းနှင့် ခပ်နွေးနွေးလက်ဖက်ရည်လေးက ရင်ကအပူကိုတောင်မနွေးနိုင်‌တော့ပေ။ ကိုယ့်နားကိုယ်တောင်မယုံနိုင်‌အောင်ဖြစ်ရပြီး သူဘာဆက်ပြောရမလဲတောင်မသိတော့ပေ။

"အခုထိ ရှာမတွေ့သေးဘူးပေါ့.."

သူသက်ပြင်းချကာရှေ့မှ စောစက်ဝိုင်းအားကြည့်ကာပြောလိုက်သည်။ ထိုသူကလည်း ခပ်ရေးရေးပြုံးနေသော်လည်း မျက်ဝန်းတွင် ဝမ်းနည်းပူဆွေးမှုတို့ကို အထင်းသားမြင်ရသည်။

"ဆိုပါတော့ ...."

"သူ့အကျင့်နဲ့သာဆို .. အဆင်ပြေနိုင်မှာမဟုတ်ဘူး ... ပြီးတော့ ကျွန်တော့်ဘက်ကလည်း ဘာမှလုပ်ပေးနိုင်မှာမဟုတ်ဘူး ..."

"ကိုယ်သိပါတယ် .. သူက စည်းစိမ် ကိုဘယ်မျက်နှာချင်းဆိုင်ရဲမလဲလေ ...ဒီအတိုင်းပြောပြရုံလေးပါ ..."

"......."

စည်းစိမ် တကယ်ကိုဘာမှမတတ်နိုင်သလို မိမိကိုဒီလိုဖြစ်အောင်လုပ်တာ သူ့မိဘပင်မဟုတ်ပါလား ။ မထင်ထားတာကလွဲရင် သူ့မှာ နာကျည်းစိတ်လုံးဝရှိမနေပေ။ ထို့အပြင် ခွန်းစက္က ကို သနားမိသည်။ မိမိအတွက်ရှိနေမည့်သူကိုမှ သံသရာတွင် လွဲခဲ့ရသည်။ အမြဲတိတ်ဆိတ်နေတတ်တဲ့အကျင့်နဲ့ မိသားစုရဲ့ဖိအားတွေကြား ကြားညပ်ခဲ့ရသူမဟုတ်ပါလားလေ။

"ဒါက ကိုယ့်ဖုန်းနံပါတ်ပါ .... အကယ်၌ သူသာစိတ်ပြောင်းပြီး စည်း ကိုလာတွေ့ခဲ့ရင် ကိုယ့်ကိုအကြောင်းကြားပေးပါနော် ..."

ဖုန်းနံပါတ်ကဒ်လေးအားရှေ့တိုးကာပေးလာတော့ စည်းစိမ် ယူလိုက်မိသည်။

"ဟုတ်ကဲ့ ကျွန်တော် ဆက်သွယ်ပေးပါ့မယ် ..."

"ပြီးတော့ ... သူ့ကိုလိုက်ရှာနေတဲ့အကြောင်းရယ် .... စောင့်နေတယ်ဆိုတာပါ စကားပါးပေးပါဦး ..."

"ဟုတ်ကဲ့ပါ....သေချာပေါက်ပြောပေးပါ့မယ် ..."

သူ့ကို နှစ်လိုဖွယ်ပြုံးပြလာသောအပြုံးနောက်တွင် နာကျင်မှုတွေဘယ်လောက်တောင်များလိုက်မလဲ ။

"အားနာပေမဲ့ ...."

"အင်း?...."

တစ်ခဏ တိတ်ဆိတ်နေပြီးမှ မိမိကို ကြည့်လာသော စောစက်ဝိုင်း ။ ပြောလာသော စကားသည်....

ရေစက်Where stories live. Discover now