ရေစက် (13)

2.2K 85 3
                                    

10 နှစ်ကြာပြီးနောက် ...

နွေရာသီဟာ ပူပြင်းသည်။ အချစ်မရှိတဲ့ သူအတွက်ပိုလို့တောင်သောကရောက်စေသည်။ မြန်မာတို့၏အစဉ်အလာတစ်ခုဖြစ်သော သက်ြန်ကာလတောင်ရောက်လာတော့မည်။ ပန်းပိတောက်၊ငုဝါတို့လည်း ဖူးပွင့်စ ပြုလာလေပြီး။
"စည်းစိမ်" အိမ်ရှေ့မှ ငုဝါပင်အားလှမ်းကြည့်လိုက်သည်။ ငုဝါပန်းပွင့်ဝါဝါလေးတွေ တစ်ပင်လုံးအပြည့် ပွင့်တော့မည်။ ပြန်လာမယ်ဆိုတဲ့သူက အခုထိ ပြန်ရောက်မလာသေးပေ။
နှစ်တိုင်း သူစောင့်မျှော်နေမိပေမဲ့ အလိုရှိသူဆီက သတင်းစကားတောင် သူမကြားရတော့ပြီလေ။

ငယ်ရွယ်လွန်းတဲ့ကလေးရဲ့ စကားကို အတည်ယူမိတာ ဒီလူမှားသလား။ အို... မှားပါစေလေ..
မိုးတွေကပြေးနဲ့ .. တိမ်တွေကဆွေးလို့....
ဒီလူနဲ့ဝေးပေါ့ကွယ် .. ဝေးနေပေါ့....။

"တောက်!.. တောက်!... တောက်!..."

ဖြူဖွေးသော အသားရည်နှင့်စကတ်တိုဝတ်ထားသော မိန်းကလေးတစ်ဦးဟာ အဆင့်မြင့်ပြိုင်ကားတွေရှေ့တွင်တဖြည်းဖြည်းလျှောက်လှမ်းနေသည်။ သူမဟာသိပ်လှသောအပြံုးနှင့်အလယ်ဗဟိုတွင်ရပ်ကာ ကိုင်ထားသော အလံဖြူအား မြှောက်လိုက်သည်။
ပြိုင်ကားလေးစီးဟာ အဆင်သင့်အနေအထားဖြစ်နေသည်။

"Ready?...... Go!!!....."

"ဘွန်း!.... ဝုန်း!..."

အလံကို လွဲချလိုက်သည့်အချိန်တွင်တော့ စတင်ပြိုင်ဆိုင်ကြတော့သည်။
ချောမွေ့သော ပြိုင်လမ်းပေါ်မှာ အပြိုင်အဆိုင်မောင်းနှင်နေသော ထိုပြိုင်ကားများထဲတွင် အနီရောင်ကားက ဦးဆောင်နေသည်။ ကွေ့ဝိုက်သော ပတ်လမ်းတွေကြောင့် တစ်ခြားကားတွေက နောက်ကျကျန်ခဲ့သော်လည်း အနီနှင့် ခရမ်းရောင်ကားလေးကတော့ အနိုင်ရဖို့ ပြိုင်ဆိုင်နေသည်။
ခရမ်းရောင်ကားလေးက အရှိန်မြင့်သထပ်မြင့်လာပြီး အနီကို ကျော်တက်ကာ လုံးဝကျော်တက်ခွင့်မပေးတော့ပေ။ အနီရောင်ကားကလည်း ကျော်တက်ဖို့ အဖန်ဖန်ကြိုးစားနေခဲ့သော်လည်း လုံးဝကို ကျော်တက်ဖို့မဖြစ်နိုင်ချေ။

"တင်းတင်း!.... "

အသံနှင့် အတူ ကြီးမားသော 3Dဖန်သားပြင်ပေါ်တွင် ခရမ်းရောင်ကားနှင့် "WIN" ဆိုသော စာသားလေးက ယှဉ်တွဲနေခဲ့သည်။
ကားပိုင်ရှင်နှစ်ဦးလုံးဆင်းလာကာ ဦီးထုတ်အားချွတ်လိုက်သည်။

ရေစက်Where stories live. Discover now