အပိုင်း ၂ [ အခန်း 1303 ] (2)

2.3K 327 2
                                    

အပိုင်း ၂ [အခန်း 1303 ] (2)

⟨⟨ဖြန့်ဖွင့်ခြင်း⟩⟩

ပြတင်း‌ပေါက်ကနေလူတစ်ယောက် ခုန်ချလာတာကိုကိုယ်တိုင်မြင်တွေ့ပြီးချိန်မှာတော့ ကျိလဲ့ရွှေသည် အချိန်တစ်ခုလောက် စိတ်အခြေအနေသိပ်မကောင်း‌သေးပေ ။

လင်ပန့်ရှလည်းသူကြောက်နေတာကို မြင်တော့ ‌တစ်ညနေထဲအပြီးပြောင်းလာသည် ။ သူ့သူငယ်ချင်းစိတ်အဆင်ပြေဖို့ ကျိလဲ့ရွှေကြိုက်တဲ့ အစားအသောက်တွေပါ ပြင်နေသည် ။

သူတို့ရဲ့အကျော်မှာနေတဲ့အိမ်နီးချင်းက ရက်တော်တော်ကြာရှိနေသည် ဖြစ်သည် ။ လင်ပန့်ရှသူ့ကို နှုတ်ဆက်ချင်သော်လည်း အိမ်နီးချင်းမှာ ရက်အနည်းငယ် ပျောက်နေခဲ့သည် ။ ထို့ကြောင့် လင်ပန့်ရှလက်လျှော့လိုက်ရသည် ။

လင်ပန့်ရှဟာ ညဘက်တွင် အလုပ်သွားရန် ဖြစ်လာပြန်သည် ၊ ဒါပေမဲ့ ကျိလဲ့ရွှေကိုတစ်ယောက်ထဲ ထားခဲ့ဖို့ စိုးရိမ်နေခဲ့သည် ။

လင်ပန့်ရှထွက်သွားတာနဲ့ ကျိလဲ့ရွှေဟာ တီဗီကိုအသံအကျယ်ဆုံး ချက်ချင်းဖွင့်ထားလိုက်ပြီး ဆိုဖာပေါ်တွင် လှုပ်ဖို့ပင် မရဲတော့ ။

ပြတင်းပေါက်အပြင်ဘက်မှာရှိနေတဲ့ နေအလင်းရောင်က မှိန်ကျသွားပြီး လရောင်နှင့်ကြယ်များက တိမ်ထူထူများနှင့် ဖုံးသွားသည် ။ အမှောင်ထုက လူတွေကို မျိုချတော့မလိုပင် ။

လေအေးများမှာ မှန်ပြတင်းပေါက်များကို ဖြတ်တိုက်သွားသည် ၊ သေချာနားထောင်ကြည့်မယ်ဆိုရင် လူတစ်ယောက်ရဲ့ဆွဲဆွဲငင်ငင်ငိုသံလိုမျိုး လေရဲ့အနည်းငယ် စူးရှနေတဲ့ အသံကိုကြား‌ နေရသည် ။

ကျိလဲ့ရွှေသည် အေးစက်မှုကို စတင်ခံစားရပြန်သည် ။ ထိုအအေးဓာတ်မှာ သူဒီအိမ်ကို ပထမဆုံးစ‌ ပြောင်းကတည်းက သူသွားတဲ့အတိုင်းလိုက်နေသလိုပင် ။

အစတုန်းက သူ့ကိုယ်သူ သံသယလွန်ကဲနေတယ်လို့ထင်ခဲ့ပေမယ့် နေတာကြာလေ အေးစိမ့်မှုက ပိုသိသာလေဖြစ်သည် ။ ကျိလဲ့ရွှေဟာ စောင်ကိုတင်းတင်းဆွဲလိုက်ပြီး သူ့ကိုယ့်ကိုလုံအောင်ခြုံလိုက်သည် ။ မှိန်နေတဲ့ဧည့်ခန်းအနှံ့ကို မျက်လုံးထောင့်နဲ့လိုက်ကြည့်လိုက်သည် ။သူတို့ပြောင်းလာတာမကြာသေးတဲ့အတွက် အခန်းထဲမှာ သူတို့ပစ္စည်းအများကြီးမရှိပေ ။ အများစုက အရင်ပိုင်ရှင်ရဲ့ပစ္စည်းတွေပင် ။

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Where stories live. Discover now