အပိုင်း ၁၁ [ အခန်း 1303 ] (ဆုံး)

1.9K 255 21
                                    

အပိုင်း ၁၁ [ အခန်း 1303 ] (ဆုံး)

⟨⟨သူငယ်ချင်း⟩⟩

လင်ပန့်ရှကထိန့်လန့်စွာဆိုသည် : "ရဲဦးလေးကြီး--ရှောင်ကော ကျွန်တော် ဘာလို့ရဲစခန်းကို တစ်ခေါက်သွားရမှာလဲ?"

ရဲသားကလက်ချောင်းနဲ့လက်မကြား လက်ထိပ်ကိုညှပ်ထားရင်း : "မင်းဘာလို့ သူမျက်နှာကျက်ပေါ်မှာရှိနေတယ်လို့ပြောလဲ?"

လင်ပန့်ရှ : "သရဲကားထဲမှာ ဒီလိုပဲသရုပ်ဆောင်ကြတာမဟုတ်လား?"

ရဲသားကဆို၏ : "ဘယ်သရဲကားလဲ?"

လင်ပန့်ရှက သရဲကားနာမည်တစ်ခုပြီးတစ်ခုပြောပြလိုက်သည် ။ ရဲသားငိုင်သွားရင်း အချိန်အကြာကြီး မူးနေပြီးမှ ဆိုလာသည် : "မင်းကြည့်ထားတာ အရမ်းများတာပဲ"

လင်ပန့်ရှ : "ကျေးဇူးပါ ကျေးဇူးပါ"

သူတက္ကသိုလ်တက်တုန်းက အခန်းဖော်များဟာ ကြောက်စရာကောင်းတဲ့ ဇာတ်လမ်းတွေကိုကြည့်ရတာနှစ်သက်ကြသည် ။ သရဲထွက်လာတိုင်း အကုန်လုံး ဖျော့တော့စွာအော်ကြသည် ။ သူတို့ထဲက အများစုဟာ 1.8 မီတာရှိပြီး သန်မာတဲ့ အမျိုးသားတွေဖြစ်ကြပေမဲ့ မျက်လုံးတွေကိုအုပ်ရင်အုပ် မဟုတ်ရင် ထိန့်လန်စွာအော်၏ ။ အပြင်းထန်ဆုံးကတော့ သူ့နောက်မှာ လာပုန်းကြတာပင် ။ လင်ပန့်ရှ ရယ်ရမလား ငိုရမလားမသိတော့ ။

ရဲသားဟာ လင်ပန့်ရှရဲ့အပြစ်မရှိတဲ့လေသံကိုနားထောင်နေပြီး အနည်းငယ်စိတ်သက်သာရာရသွား၏။ သူမနေ့ညကဘယ်မှာရှိနေလဲဆိုတာကိုထပ်မေးလာခဲ့သည် ။ ဝမ်ကျင်းချောင်နဲ့ပတ်သက်မှု ၊ ပြဿနာရှိဖူးလားဟုမေး သေးသည် ။ လင်ပန့်ရှအကုန်လုံးကို ငြိမ်ငြိမ်သက်သက်နဲ့ပြန်ဖြေပြီးချိန်မှာ လက်ရမ်းပြပြီး သူထွက်သွား၏ ။ ဒါပေမဲ့အကယ်၍ သဲလွန်စတွေ့တာနဲ့ ရဲစခန်းကို‌အကြောင်းကြားဖို့ ပြောသွားခဲ့သည် ။ လင်ပန့်ရှသဘောတူလိုက်ရင်း ခြေဖဝါးကိုဆီလိမ်းရင်း အမြန်လစ်ထွက်လာ၏ ။

(ခြေဖဝါးကိုဆီလိမ်းတယ်ဆိုတာ အမြန်သွားတာကိုပြောချင်တာ ‌ဆီနဲ့ဆိုရင် လျှောက‌နဲလျှောကနဲဖြစ်တာကြောင့်မြန်သွားတာပါ တကယ်ထိုင်လိမ်းလိုက်တာမဟုတ်)

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Où les histoires vivent. Découvrez maintenant